ဝင်ကြည့်ရမလား မကြည့်ရဘူးလား ဝေခွဲမရဖြစ်နေမိတယ်။ ကြည့်ရင်တော့ ဘာဒါပုံတွေတွေ့မှာပဲ သူ့classက သင်တန်းသားမို့လို့။ ဒွိဟဖြစ်နေပြီး နောက်ဆုံးတော့ ဝင်ကြည့်လိုက်တော့တယ်။

''တစ်ယောက်သောသူရဲ့မွေးနေ့💙''
ဆိုတဲ့ captionနဲ့အတူ

private dinnerလုပ်မယ့်စားပွဲလှလှလေးရယ် အဲ့စားပွဲနားမှာရပ်နေတဲ့ဘာဒါရယ်ကို နောက်ကနေ ခိုးရိုက်ထားတဲ့ပုံလေးကို ဒါဟျွန်းကတင်ထားတယ်။

ဆိုယွန်း အရုပ်ကြိုးပြတ်ဖြစ်သွားတယ်။
မွေးနေ့မှာ ဘယ်သူနဲ့အတူရှိရမှာလဲ အဲ့လောက်တောင် သူမသိဘူးလား။ ငါကရောဘာလဲ။ ဘာအဆင့်မှ မရှိဘူးလား ။အိပ်ရုံသပ်သပ်ပဲလား။ တစ်ယောက်ထဲ အတွေးတွေလွန်ပြီး ရင်ဘတ်ထဲက အောင့်လာလို့ ငိုချလိုက်မိတယ်။ ဘာလုပ်ရမှန်းမသိဘူး ။
နှစ်တွေအများကြီး ချစ်လာခဲ့သမျှ ခြေကုန်လက်ပမ်းကျသလိုခံစားလိုက်ရတယ်။
မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်စီးကျနေပေမယ့် အသိစိတ်မရှိတော့သလို
အခုနေ သူပြန်ရောက်လာရင်တောင် ဘာပြောရမှန်းမသိဘူး။ ပြောချင်စိတ်လည်းမရှိတော့တာကြောင့် စားပွဲပေါ်က ကိတ်မုန့်ကို ဘူးထဲပြန်ထည့်တယ်။ အနားမှာပြင်ထားတဲ့ မွေးနေ့လက်ဆောင်ကိုယူတယ်။ အခန်းထဲဝင်ပြီး အိပ်ယာခေါင်းရင်းက ပင်လယ်ပုံရယ်..သူ့ကိုချစ်ကြောင်း နှစ်ပေါင်းများစွာ ဖွဲ့နွဲ့ထားတဲ့ Diaryတွေရယ်.. စာအုပ်တွေကြားက ပင်လယ်ပုံbookmarkရယ်..ကျောင်းတုန်းက ခိုးရိုက်ထားတဲ့ သူ့ပုံတွေရယ်.. ပင်လယ်ပုံ keychainလေးတွေရယ်..လှိုင်းပုံလေးနဲ့ဆွဲကြိုးမျှင်လေးတွေရယ်..
သူတို့အတန်းကကျောင်းသားတွေစုရိုက်ထားတဲ့ပုံတွေရယ်..သူဝတ်လို့ လိုက်ဝယ်ထားတဲ့ T shirtတွေရယ်..သူဆောင်းလို့ဝယ်ထားတဲ့ဦးထုပ်တွေရယ်..ရှိရှိသမျှ အခန်းထဲက အပြာရောင်တွေအကုန်လုံးကို ပုံးတစ်ပုံးထဲစုထည့်လိုက်တယ်။ ပြီးတော့ အဲဒီပုံးရယ် ကိတ်မုန့်ရယ်ယူပြီး အမှိုက်ပုံးကိုသွားပစ်မယ်လုပ်ပေမယ့် ပုံးကကြီးလွန်းနေတော့ ကိတ်ကို ခဏထားပြီး ပုံးအရင်သွားပစ်လိုက်တယ်။ ပြန်လာပြီး ကိတ်ကိုယူတယ်။ နောက်တခေါက်သွားပစ်တယ်။ ပြီးတော့ အိမ်ကို ပြန်မဝင်ပဲ အိမ်နားက ပန်းခြံကို လမ်းလျှောက်သွားပြီး ထိုင်နေလိုက်တယ်။ သူပြန်လာလား မလာဘူးလည်း မသိရတော့ဘူး။ ဒီထက်ပိုပြီး ဝမ်းနည်းဖို့လည်းမတတ်နိုင်တော့ဘူး။ မီယွန်းဆီဖုန်းဆက်လိုက်တယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now