🦋①⑥...Ⓩⓐⓦⓖⓨⓘ

Start from the beginning
                                    

" ဒီဆရာဝန်ပေါက်စက ဘယ်သူလဲ မြန်မြန်ဆွဲခေါ်သွားကြစမ်း"

တစ်ဆက်တည်းဆိုသွားသည့် မာန်မဲသည့်အသံက အဆုတ်အထူးကု ဆရာဝန် ဒေါ်ရှင်းမြတ်ထံမှ ဖြစ်သည်။Nikက ကျွန်တော့်အား မြန်မြန်လာထူ၍

" ဘာဖြစ်သွားသေးလဲ ရှိုင်း"

" ဘာမှ မဖြစ်ဘူး ကလေးကို မဆီမဆိုင်တဲ့ဆေးတွေ ထိုးပေးနေကြတယ်"

" ထားလိုက်ပါကွာ သူတို့တက်လို့ သူတို့လုပ်တာ မှားလည်းသူတို့ဘဲ တာဝန်ယူရမှာ"

"ထားလိုက်လို့ ရမလားကွ အဲ့ကလေးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ကလေးက ရက်သားဘဲရှိသေးတယ်"

" ငါတို့က ဘာလုပ်လို့ ရမှာမို့လဲ"

" ကျစ် မင်းအကိုဇော်ကို သွားခေါ်ထားလိုက် ငါ့ဘာငါ ပြောကြည့်လိုက်မယ်"

"ဘာမှ ၀င်မလုပ်နဲ့နော် ရှိုင်း"

"  အေးပါကွာ သွားခေါ်စမ်းပါမြန်မြန်"

စိတ်မရှည်ဟန်ဖြင့် အော်လိုက်တော့ Nikက ခပ်မြန်မြန်ပင် ပြေးထွက်သွားလေ၏။ ကျွန်တော်လည်း ကလေးငယ်အားအတင်းထိန်းကာ  ဆေးသွင်းဖို့လုပ်နေသည့် ဆရာဝန်များကြား အတင်းတိုးဝင်လိုက်ပြီး ကလေးငယ်လက်မှ ဆေးပိုက်များအား ဖြုတ်ချပစ်လိုက်တော့ ဒေါ်ရှင်းမြတ် အပါအဝင် ဆရာဝန်တော်တော်များများ၏ ဒေါသထွက်သွားသည့်အကြည့်များက ကျွန်တော်ထံတွင်သာ။

" ကိုယ်နဲ့ မဆိုင်တာဝင်မပါနဲ့ ဆရာဝန်ပေါက်စ မြန်မြန်ထွက်သွားလိုက်"

ဒေါ်ရှင်းမြတ်ထံမှ အသံဖြစ်သည် ။ခုနကထက်ပင် ပို၍ ဒေါသသံထွက်နေလေ၏။မတတ်နိုင်ပါ ဒီလိုမှ မလုပ်ရင် ကလေးက ဆေးပိပြီးသေမလားဘဲ။

"  ခများတို့သာ မဆိုင်တဲ့ဆေးတွေ သွင်းဖို့လုပ်နေတာ ဆေးရဲ့သက်ရောက်မှုတွေကကလေးအပေါ်ဘယ်လောက်ထိ ဆိုးရွားသွားစေနိုင်လဲဆိုတာ နည်းနည်းလေးမစဉ်းစားမိဘူးလား"

Lorazepam Anticonvulsantပုလင်းအား မြန်မြန်ပြန်ယူ၍ ချိန်ဆနေရင်း ထိုသို့ပြန်အော်လိုက်တော့  ဆောင့်ကနဲ ဆွဲခေါ်ခံလိုက်ရသောကြောင့် အနည်းငယ် ဟန်ချက်ပျက်သွား၏။

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now