အပိုင်း {၅၀} (UNICODE)

Começar do início
                                    

"အေး မတွေ့သေးဘူး။ ငါ့ကို အဲ့တာ ဓာတ်ပုံရိုက်ပို့ပေး ဘုန်းသွင်။ ငါ ကြည့်ချင်တယ်။"

"အေးပါ ပို့လိုက်မယ်။ လှိုင်းရော ..အနားမှာ ရှိလား။"

"မရှိဘူး ..သူ့အဖေ အိမ် သွားတယ်။"

"သူ့အဖေအိမ် ? မာန် ..မင်းမလိုက်သွားဘဲ သူ့ကို တစ်ယောက်တည်း လွှတ်လိုက်တာလား။"

အထိတ်တလန့် ပျာပျာသလဲ မေးလာသည့် ဘုန်းသွင်ကြောင့် မာန် ဖုန်းကို စပီကာ ဖွင့်ကာ ခုံပေါ် တင်ထားနေရာမှ စပီကာ ပိတ်ကာ နား'နား ကပ်လိုက်သည်။ မျက်ခုံးတန်းတို့ကတော့ အလိုလို စုဆုံထားမိသည်ကိုတော့ မာန် မတတ်နိုင်။

"ငါက ဆေးခန်းဖွင့်ဖို့ အခန်းပြင်ရမှာမို့လို့ ချိန်းထားတာတွေ ရှိတာနဲ့ မလိုက်သွားတာလေ။ ဘာဖြစ်လို့လဲ။"

"အမှန်တိုင်းပြောရရင် ..ငါ့စိတ်ထဲ လှိုင်းမိသားစုနဲ့ ပတ်သက်လာရင် တစ်မျိုးပဲကွ။ ဘယ်လိုလဲ ဆိုတာတော့ ငါ မပြောတတ်ဘူး။ ဒါမဲ့ ..ငါ သူ့ကို စိတ်မချဘူး မာန်။"

ဘုန်းသွင်ဆိုသည်မှာ စကားကို မရှင်း မရှင်း ပြောတတ်လွန်းသည်။ မနက်က ကြည်လင်နေသည့် စိတ်များပင် ရှုပ်ထွေးလာရသဖြင့် လေသံက အလိုအလျောက် တင်းမာသွားသည်။

"သူ့အဖေအိမ် ပြန်တာပဲ။ ဘာစိတ်မချစရာ ရှိလဲ။ မင်း ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ ဘုန်းသွင်။"

"မဟုတ်သေးဘူး မာန် ..မင်း မသိဘူး။ လှိုင်း ငါ့အဖေ ဆိုဒ်ထဲမှာ ခဏ လုပ်တုန်းကဆို သူမျက်နှာမှာ အထိုးခံရတဲ့ ဒဏ်ရာတွေ ငါ တွေ့တယ်။ လှိုင်းကိုမေးတော့ အင်း အဲ လုပ်ပြီး မပြောပြလို့သာ ငါ ထပ်မမေးတော့ပေမဲ့ ..သူ့အစ်ကိုတွေလို့တော့ ငါ ထင်တာပဲ။"

ဘုန်းသွင် ဘာတွေ လာပြောနေတာလဲ ... မာန် မသိဘူး။ "ငါ့အဖေဆိုဒ်မှာ ခဏ လုပ်တုန်းက" ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ။ ဘယ်အချိန်တုန်းကလဲ ဆိုသည်ကို မိမိဦးနှောက်အား မာန် အပြင်းအထန် စေခိုင်းကာ အတိတ်ကို ပြန်လည် တွေးတောခိုင်းနေသော်လည်း အဖြေက ထွက်မလာပေ။

"ဘုန်းသွင် ..လှိုင်းက မင်းအဖေဆိုဒ်မှာ လုပ်တယ်ဆိုတာ ဘယ်တုန်းကလဲ။ ငါလည်း မသိရပါလား။"

လမင်းခြေသံ { Completed }Onde histórias criam vida. Descubra agora