Part~2

5.6K 35 0
                                    

အိမ်သို့ရောက်သောအခါ

''ကိုဆက် မင်းအခုချိန်မှရောက်တယ် နောက်ကျလှချီလားကွ"

''ဒီလိုပါဘဲယောက်ဖရာ ဒီအရှုပ်ထုတ်ကိုဘယ်မှာထားရမလဲ"

''ဟျောင့် မင်းကတော့မိန်းမခိုးလာတာလား အမယ်ဒါမျိုးတော့ကိုဆက်တို့ကသွက်သား"

''တိုးတိုးပြောစမ်းပါကွာ ဒင်းကအရှုပ်ထုတ် ငါ့မိန်းမဖြစ်စရာလား ကြည့်လေ ဘာထက်ပြီးစိတ်ညစ်စရာတွေပေးအုန်းမလဲမသိဘူး"

''ဘယ်လို ဒါဆိုဘယ်လိုလုပ်ကြမလဲ"

''ဧည့်ခန်းကိုရှင်းထားပြီးသားမလား ဒါဆိုသူ့ကိုအဲ့မှာထားလိုက်"

''ဟေး ဟေး ငါထားလို့မရဘူးလေ မင်းညီမသိရင်စိတ်ဆိုးမှာပေါ့ ဟဲဟဲ "

''အေးပါ မင်းတို့ကလဲတစ်မျိုး ငါဘဲသွားထားလိုက်မယ်"

ဧည့်ခန်းထဲသို့အရောက်ကုတင်ပေါ်သို့ မထိချင်အောင်ပြစ်တင်လိုက်ကာထွက်သွားဖို့အလုပ်

''ဦးဆက်...ဆက်အာဏာနဲ့တွေ့‌ချင်တယ် တွေ့ချင်တယ်"

''နွယ်တို့ကိုကူညီပေးပါ ကူညီ...ကူညီပေးပါ"
အသံကြား၍ဆက်အာဏာလှည့်ကြည့်တော့ မျက်စိမှတ်ပြီးယောင်ယမ်းကာအော်နေသော် ထိပ်ထားနွယ်အားတွေ့လိုက်ရ။ ဆက်အာဏာခပ်မဲ့မဲ့လေးပြုံးကာ

''အဟမ်း  ဒီလောက်လေးနဲ့မခံနိုင်တော့တာလား ဦးတည်တံ့တို့ကအဲ့လောက်ဘဲ ပျော့ညံ့တဲ့သမီးမွေးထားတာလား"

စိတ်ထဲကျေနပ်အားရကာအခန်းပြင်ထွက်သွား၍ သူ့အခန်းသူသွားနားတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်ရောက်သောအခါ

''အား!!!"

ဘေးချင်းကပ်အခန်းမို့ ဆက်အာဏာချက်ချင်းနိုးက နွယ်ရှိသောအခန်းသို့ပြေးလာသည်။

''ဘာလဲ ဘာလို့အော်နေတာလဲ"

''ရှင် ရှင် လူယုတ်မာ ကျွန်မကိုဘယ်ခေါ်လာတာလဲ"

''ဟော ဘလိုင်းကြီးပါလား မင်းကိုယ်မင်းလဲပြန်ကြည့်စမ်းပါ မင်းအ၀တ်စားမပြောနဲ့ မင်းဆံပင်တစ်မျှင်တောင်မကိုင်ထားဘူး တောသူမ"

''ဘာရှင့် လူကိုများတောသူမဟုတ်လား ဟုတ်တော့ဟုတ်သား ဘာမှတော့မဖြစ်ဘူး ဒါနဲ့ဘာကိစ္စဒီကိုခေါ်လာရတာလဲ ရှင်ကဘယ်သူလဲ"

𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချိုWhere stories live. Discover now