အခန်း 53

Zacznij od początku
                                    

ထိုစဉ် အိမ်ရှေ့က ကားသံသဲ့သဲ့ကြားကြားသည်မို့ ချမ်း  တိုင်ကပ်နာရီကြီးထံ ကြည့်လိုက်တော့ လေးနာရီတိတိ။ဒီနေ့ မောင် companyကပြန်လာတာ စောသည်ပဲ။ချမ်း အိမ်ရှေ့အမြန်ပြေးထွက်ကာ မောင့် ကိုကြိုလိုက်သည်။နေ က ကားတံခါးဖွင့်ကာ ဆင်းလိုက်တော့ အမေပြောတဲ့ အမောပြေ မျက်နှာလေးက ဆီးကြိုသည်။နေ ကျေနပ်သွားရသည်။နေ က ကားဒါရိုင်ဘာ မခေါ်ပဲ ကိုယ်တိုင်ကားမောင်း ခြင်းဖြစ်သည်။

"မောင် ပြန်လာပြီလား"

"ပြန်လာပါ ပြီဗျာ"

ချမ်းက နေ့လက်ထဲမှ အိတ်ကိုဆွဲယူကာ နေ့ခါးအားသိုင်းဖက်ရင်း နေ့ရင်ခွင်ထဲ တိုးဝင်သည်။နေကလည်း ချမ်း ပခုံးလေးကို သိုင်းဖက်သည်။နှစ်ဦးသား ပူးကပ်လျှက်ပင် အိမ်ထဲသို့ဝင်လာကြသည်။ခြံထဲရှိ အလုပ်သမားများအတွက် ထိုမြင်ကွင်းက မထူးဆန်းတော့ပြီ။

"ဒီနေ့ ဘေဘီ အရမ်းလိမ်မာ‌နေပါ့လား..မောင် အော်ခေါ်စရာမလိုတော့ဘူးပဲ..မောင့်ကို အဆင်သင့် စောင့်နေလို့"

"မောင့် မျက်နှာကို အရမ်းတွေ့ချင်လာလို့...ချမ်း စောင့်နေတာလေ"

"ရွှတ်!!"

"မောင်"

ချမ်း စကားအဆုံး ချမ်း ပါးထဲနေ့ နှာခေါင်း နစ်မြုပ်တော့မတတ် ရွှတ်ခနဲ အသံမြည်အောင် နမ်း ခံလိုက်ရသည်မို့ ချမ်း ဘေးဘီ ဝဲကြည့်ကာ နေ့ ပခုံးအား တားမြစ်သလို ဖွဖွရိုက်သည်။ဧည့်ခန်းကြီးထဲမှာ မောင် ကတော့။‌အမေ မြင်သွားရင် ဘယ်လိုလုပ်မလဲ။သူတို့ အကြင်လင်မယားတွေ ဆိုပေမဲ့ လူကြီးရှေ့မှာတော့ ဆင်ဆင်ခြင်ခြင်နေရမည် မဟုတ်လား။

"ဘယ်သူမှ မရှိပါဘူး ဘေဘီရဲ့..ဘေဘီက မောင် နမ်းချင်လာအောင် ပြောတာကိုဗျာ...မောင်က နမ်းမှာပေါ့"

"ဟုတ်ပါပြီ...ပြော မိတဲ့ ချမ်း အမှားပါ.....ဒါနဲ့ မောင့်ကို ပြောစရာရှိတယ်"

"အင်း..ပြော"

စကား တပြောပြောဖြင့်ပင် နှစ်ယောက်သား အိပ်ခန်းထဲ ရောက်လာကြသည်။ချမ်းက နေ့ အိတ်ကို စားပွဲပေါ်တင်ထားလိုက်ပြီးမှ နေ့ အပေါ်ထပ် ကုတ်ချွတ်သည်ကို လာ ကူချွတ်ပေးသည်။

Falling In Love With My Husband.Opowieści tętniące życiem. Odkryj je teraz