ဈာန်မင်းတခေတ်တို့၏ ညာဘက်အိမ်တွင် ခွန်းနှောင်ကြိုးအရွယ်လင်မယားနှစ်ယောက်နေထိုင်လေ သည်။ ယောက်ျားဖြစ်သူမှာ Calvin Klein ဖြစ်ပြီး မိန်းမဖြစ်သူမှာ Jolly Klein ဖြစ်လေသည်။ Calvin ၏မိန်းမဖြစ်သူမှာ ကိုယ်ဝန်5လပင်ရှိနေလေပြီ။
ခွန်းနှောင်ကြိုးမူးလဲသွားသောအခါ Jolly မှာယောက်ျားဖြစ်သူကိုအော်ခေါ်၍ ခွန်းနှောင်ကြိုးအားအနီးရှိဆေးခန်းကိုပို့ပေးလေသည်။ ဆေးခန်းရောက်သော် ခွန်းနှောင်ကြိုးအားစမ်းသပ်၍ဆေးပုလင်းချိတ်ပေးကာ လူနာရှင်အားခေါ်ခိုင်းလေသည်။
Calvin တို့လင်မယားမှာ ခွန်းနှောင်ကြိုးနိုးမှ အိမ်မှလူများအားဖုန်းခေါ်ခိုင်းရလေသည်။ ခွန်းနှောင်ကြိုးလည်း ကျောင်းသွားနေသောဈာန်မင်းတခေတ်အားမခေါ်တော့ဘဲအိမ်တွင်ကျန်ခဲ့သော သန့်ဇေအား Calvin ၏ဖုန်းနှင့်ခေါ်လိုက်လေသည်။
ဆရာဝန်မှ သန့်ဇေမလာခင်ခွန်းနှောင်ကြိုးတွင်ကိုယ်ဝန်ရှိနေကြောင်းကိုပြောပြထားသဖြင့် ခွန်းနှောင်ကြိုးမှာသိနှင့်ထားလေပြီ။
"အဲ့လိုပဲဟေးး နားလည်ကြပြီလား? ငါပြောပါတယ်ကွာ သူ့ကိုအိမ်မှာပဲနားနေပါဆို..မင်းဟာလေးကနားမှမထောင်တာ.."
သန့်ဇေခမျာဘယ်လောက်စိတ်ညစ်နေမလဲဆိုတာ ဘေးမှဆရာဝန်နှင့် Calvin တို့လင်မယားမှာကြည့်ရုံနှင့်သိလေသည်။
"အစ်ကို့တို့ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်ခင်ပွန်းကိုဆေးခန်းလိုက်ပို့ပေးခဲ့လို့.."
"ရပါတယ် အိမ်နီးချင်းတွေပဲ..၊ နောက်ဆို သမီးလေးကအဖော်ရတော့မယ် နော် Darling"
Jollyကမိန်းကလေးလိုချင်တာဖြစ်သဖြင့် ကလေးကိုမိန်းကလေးဟုသာတစ်ထစ်ချယုံကြည်လေသည်။ ထို့ကြောင့် ကလေးကိုပြောလျှင် သမီးလေး သမီးလေးဟုသာပြောလေသည်။
"ဟုတ်တာပေါ့..၊ ကိုခွန်းနှောင်ကြိုး congratulations ပါနော်.."
ခွန်းနှောင်ကြိုးမှာ မျက်ရည်စက်လက်ဖြင့်ခေါင်းညိတ်လာလေသည်။ ထို့နောက်သူတို့အားလုံးဆရာဝန်အားနှုတ်ဆက်ကာအိမ်သို့ပြန်လာခဲ့ကြတော့သည်။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
Part-58(Unicode + Zawgyi)
Start from the beginning
