Part-58(Unicode + Zawgyi)

Start from the beginning
                                        

သန့်ဇေက အခန်းထဲသို့ဝင်လာညည်းညူစွာပြောလာသည်။

"ပြန်ချင်ပြန်လို့ရပါပြီ။ ဆေးကုန်ရင်ဖြုတ်လိုက်နော်။"

"ဟုတ်ကဲ့"

ဆရာဝန်ကသန့်ဇေအားကြည့်ကာပြုံး၍ပြောလေသည်။ ဆရာဝန်၏အပြောကိုဈာန်မင်းတခေတ်ခေါင်းညိတ်ကာပြန်ပြောလိုက်သည်။

"ဒါနဲ့ OGဘယ်မှာအပ်မလဲ? ကိုယ့်မှာအသိရှိတယ်။ ကိုယ်မိတ်ဆက်ပေးရမလား?"

"အာ..ဟုတ်ကဲ့၊ ကျေးဇူးပါဗျ။ ဒါမဲ့ကျွန်တော်တို့ကအပ်ပြီးပါပြီ"

"ဟမ်! အခုမှကိုယ်ဝန်ရှိတာကိုသိတာမဟုတ်ဘူးလား? ဘယ်ချိန်အပ်လိုက်တာလဲ?"

ဆရာဝန်ခမျာနားမလည်စွာဖြင့်ပြောလာသည်။ ထိုအခါသန့်ဇေကဝင်ပြောသည်။

"အိုးး သူ့OGကကျွန်တော်ပဲလေ.."

"ခင်ဗျားက ဆရာဝန်လား?"

"ဟုတ်တယ်၊ ကျွန်တော်ကသားဖွားမီးယပ်အထူးကု"

"အိုး အိမ်မှာဆရာဝန်ရှိနေတာကို ဘယ်လိုဖြစ်လို့...."

ဆရာဝန်ခမျာနားမလည်ပြီးရင်နားမလည်ဖြစ်ရသည်။ ဆရာဝန်နီးတူဈာန်မင်းတခေတ်ကောပင်။ ထို့ကြောင့်သန့်ဇေကို ဈာန်မင်းတခေတ်ကြည့်လိုက်သည်။

"အိုကေ အိုကေ ငါ့ကိုဝိုင်းကြည့်မနေကြနဲ့! အဖြစ်အပျက်က ဒီလိုဟ!...."

ထိုသို့ပြောကာအဖြစ်အပျက်များကိုပြောပြလိုက်လေသည်။ အမှန်တော့ သန့်ဇေ toiletခဏဝင်နေချိန်တွင်ဖြစ်သွားတာဖြစ်သည်။ သန့်ဇေ toilet ဝင်နေတုန်း ခွန်းနှောင်ကြိုးအိမ်ရှေ့သို့ထွက်ကာ ပန်းပင်များကိုရေလောင်းလေသည်။ ထို့နောက် ဘေးအိမ်က လူများနှင့်စကားပြောနေတုန်းခေါင်းမူးလာကာ လဲကျသွားလေသည်။

သူတို့ရောက်သည့်အချိန်အတွင်းတွင် အနီးနားပတ်ဝန်ကျင်နှင့် အားလုံးဟာခင်သွားကြလေသည်။ ဈာန်မင်းတခေတ်တို့က အရင်တစ်နှစ်ကျောင်းလာတက်သောအချိန်တွင် ကျောင်းနှင့်အိမ်ကိုသာကူးနေသောကြောင့်ပတ်ဝန်းကျင်နှင့်မရင်းနှီးခဲ့ကြပေ။ ယခုတစ်ခါတွင်တော့ ခွန်းနှောင်ကြိုးပါ,ပါလာသောကြောင့် ခွန်းနှောင်ကြိုးမှာအိမ်နီးပတ်ဝန်းကျင်နှင့် တစ်ပတ်အတွင်းမိတ်ဆွေဖြစ်သွားလေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now