Part-58(Unicode + Zawgyi)

Start from the beginning
                                        

"ဈာန် ဘာဖြစ်တာလဲ?"

"ကြိုးငယ်မူးလဲလို့ဆေးခန်းရောက်နေတယ်တဲ့"

ဈာန် ထူးသက်အမေးကိုအမြန်ပင်ပြန်ဖြေလိုက်သည်။

"ငါတို့လိုက်ခဲ့ရအုံးမလား ဈာန်"

"ရတယ် ငွေစင် နင်တို့အတန်းဆက်တက်လိုက်ပါ။ ပြီးရင်ငါပြန်ကူးလိုက်မယ် ကဲငါသွားပြီ"

သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး ဈာန်မင်းတခေတ်အမြန်ပင်ထွက်လာခဲ့လိုက်သည်။ ဈာန်မင်းတခေတ်တစ်ယောက်ယခုအချိန်တွင် ခွန်းနှောင်ကြိုးအားလွန်စွာစိတ်ပူနေလေသည်။ ခွန်းနှောင်ကြိုးတွင်က.....။

🌟🌟🌟

"ကိုသန့်.."

"ရောက်လာပြီလား ဈာန်၊ ကိုခွန်းကအထဲမှာ ဆေးချိတ်နေတယ်။ ဝင်သွားလေ"

"ဟုတ်ကဲ့"

သန့်ဇေအားပြောကာ အထဲသို့ဝင်လာလိုက်သည်။ အထဲတွင်တော့မျက်ရည်များနှင့် ကုတင်ထက်တွင်လှဲနေသောလူသားလေးအားဈာန်မင်းတခေတ်တွေ့လိုက်ရသည်။ လက်တွင်လဲ ဆေးပုလင်းချိတ်ထားလေသည်။

"ကြိုးငယ်..."

"အဟင့်....ခေတ်..."

ဈာန်ငိုနေသူနားသို့သွားကာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ ထိုအခါ ဒေါက်တာကသူတို့နှစ်ယောက်အနားသို့လာသည်။

"လူနာရှင်လား? လူနာနဲ့ဘာတော်လဲ?"

(Tulip's Note - အမ်.. New York ရောက်နေတာဆိုတော့ ဆရာဝန်ကလည်း အင်္ဂလိပ်လူမျိုးပေါ့နော်။ ကျူးလစ်ကတော့မြန်မာလိုပဲရေးလိုက်ပါမယ်။)

ဆရာဝန်ကမေးလာသည်။ ထိုအခါဈာန်မင်းတခေတ်က ခေါင်းညိတ်ကာပြန်ဖြေလေသည်။

"ဟုတ်ကဲ့ ကျွန်တော်ကသူ့ခင်ပွန်းပါဗျ"

"Congratulations ပါ။ မင်းရဲ့ခင်ပွန်းမှာကိုယ်ဝန်လေးလရှိနေပြီ။ အခုဟာကလည်းအားနည်းပြီးမူးလဲသွားတာပါ။ ဘာမှတော့စိုးရိမ်စရာမရှိပါဘူး။ ကိုယ့်ခင်ပွန်းကိုဒီထက်ပိုပြီးဂရုစိုက်အုံးနော်"

"ဟုတ်ကဲ့ ကျေးဇူးပါဒေါက်တာ.."

"ဟေး ဆေးကုန်ပြီလား? ငါထိုင်စောင့်ရတာညောင်းလာပြီ.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now