Part-54(Unicode + Zawgyi)

Start from the beginning
                                        

ဈာန်မင်းတခေတ်အံ့ဩသွားလေသည်။ သူ၏ခင်ပွန်းလို့မိတ်ဆက်ပေးတာတောင် တစ်ဖက်မှဘာထူးခြားသောမျက်နှာအမူအရာမှမပြ‌။

"ဟုတ်ကဲ့ ကျွန်တော်က 18ပြည့်ထားတာမကြာသေးပါဘူး။ ဒါနဲ့လေ ကျွန်တော်မေးစရာရှိတယ်ဗျ"

"ဟုတ်ကဲ့ မေးပါ။"

"ကျွန်တော် ယောက်ျားတစ်ယောက်နဲ့လက်ထပ်ထားတဲ့အပေါ်တစ်ခုခုမဖြစ်ဘူးလား။ ဒီလိုမေးတာတစ်မျိုးတော့မထင်ပါနဲ့။ မြို့ပေါ်‌မှာတောင် လူတွေက လိင်တူလက်ထပ်တာကိုလက်မခံတာ အစ်ကိုတို့ကကျွန်တော်တို့ကိုဘယ်လိုမှမမြင်ဘူးလား?"

ဈာန်မင်းတခေတ်ပြောတော့ ထိုလင်မယားနှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးကြလေသည်။ ထို့နောက် သက်လွင်ကပြောသည်။

"ငါ့ညီရယ်.. အစ်ကိုတို့က ဒီမှာအလုပ်လာလုပ်တာလေ..။ အစ်ကိုတို့မင်းတို့အပေါ်မှာဝေဖန်နေတော့ရော အစ်ကိုတို့ကလစာပိုရမှာလား? အစ်ကိုတို့အသက်ပိုရှည်သွားမှာလား? လူလူချင်းချစ်ကြိုက်တာကို အစ်ကိုတို့ကဘာလို့ဝေဖန်ကြမှာလဲ?"

သက်လွင်ပြောတော့ ဈာန်မင်းတခေတ်နှင့်ခွန်းနှောင်ကြိုးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးကြလေသည်။ ဒေါ်နုဝေကလည်းနားထောင်ကာ ခေါင်းတညိတ်ညိတ်ဖြင့်...။

"မောင်လေးတို့မသိလို့ အစ်မတို့ရွာမှာလည်း မောင်လေးတို့လိုယောက်ျားလေးနှစ်ယောက်လက်ထပ်ထားတာရှိတယ်"

"ဟုတ်တယ် ငါ့ညီရ အစ်ကို့သူငယ်ချင်းလေ.."

သက်လွင်ရယ်ကာ သူ့မိန်းမစကားကိုထောက်ခံပေးသည်။

"ဪ....ဟုတ်ကဲ့ အစ်ကိုတို့ကအသက်ဘယ်လောက်လဲဗျ။"

"အစ်ကိုက 25ပြည့်ပြီးပြီငါ့ညီရ၊ အစ်ကို့မိန်းမကတော့24"

"ဒါဆို နှစ်ယောက်စလုံးကခွန်းထက်ကြီးတာပေါ့.."

တစ်လျှောက်လုံးဘာစကားမှဝင်မပြောသော ခွန်းနှောင်ကြိုးက ဝင်ပြောလာလေသည်။

"ဟုတ်လား မောင်လေးကအသက်ဘယ်လောက်လဲ?"

"ခွန်းက23ပါ"

"အယ် ဒါဆို မောင်လေးခွန်းက မောင်လေးဈာန်ထက် ငါးနှစ်တောင်ကြီးတာပေါ့.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now