"အေးကွယ် သူတို့လဲရန်ကုန်တော့ရောက်ပြီပြောတာပဲ.."
"ဟုတ်ကဲ့ကြီးမေ အဲ့အစ်ကိုက လူလွတ်လား၊ အိမ်ထောင်နဲ့လား"
ဒေါ်နုဝေစကားပြောအပြီးတွင်ခွန်းနှောင်ကြိုးကခေါင်းတညိတ်ညိတ်လုပ်ကာ ဈာန်မင်းတခေတ်ကတော့ပြန်မေးလိုက်သည်။ ထိုအခါဒေါ်နုဝေကပြန်ဖြေလာသည်။
"အိမ်ထောင်နဲ့ သားရဲ့..၊ သူတို့လင်မယားနှစ်ယောက်လာမှာလေ၊ သူ့မိန်းမလေးကလဲ ရိုးရိုးသားသားလေးပါ။ ကြီးမေနဲ့သိတယ်။ ကောင်မလေးကစရိုက်လဲကောင်းတယ် အိမ်မှုကိစ္စလဲနိုင်နင်းတယ်..၊ကလေးတော့မရှိကြသေးဘူး။ သူတို့ကအိမ်ထောင်ကျတာမကြာသေးဘူးလေ.."
"ဪ..ဟုတ်ကဲ့၊ ကြီးမေနဲ့အဆင်ပြေရင်ရပါပြီ။ အဲ့အစ်ကိုမိန်းမပါ,ပါလာတော့ကြီးမေမိန်းကလေးအဖော်ရတာပေါ့.."
-တီးတောင် တီးတောင်-
ဈာန်မင်းတခေတ်တို့စကားပြောနေရင်းပင်အိမ်ရှေ့မှ ဘဲလ်တီးသံကြားလိုက်ရသည်ည်။ ထိုအခါဖိုးဝလေးက,ကလေးပီပီသွက်လက်စွာ တံခါးသွားဖွင့်လေသည်။
"ဟော် ရောက်လာကြပြီလား? လာကြ လာကြ"
"ဟုတ်ကဲ့ကြီးမေ.."
"ထိုင်ကွယ်"
ဒေါ်နုဝေပြောလိုက်သောအခါ ထိုလင်မယားနှစ်ယောက်မှာ ဆိုဖာပေါ်တွင်ထိုင်ကြလေသည်။ ထို့နောက် ဒေါ်နုဝေလည်းဈာန်မင်းတခေတ်အားထိုလင်မယားနှစ်ယောက်နှင့်မိတ်ဆက်ပေးလေသည်။
"သားဈာန်နဲ့သားခွန်း ဒါကကြီးမေပြောတဲ့ ကလေးလေ၊ နာမည်က သက်လွင်တဲ့၊ ဟိုဘက်ကသူ့မိန်းမလေး နာမည်က ပိုးပိုးဖြူတဲ့"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော့်နာမည်က ဈာန်မင်းတခေတ်ပါ။ ဒီဘက်ကကျွန်တော့်ယောက်ျား ခွန်းနှောင်ကြိုးတဲ့.."
ဈာန်မင်းတခေတ် သူ့နာမည်နှင့်သူ့ခင်ပွန်းနာမည်ကိုပါမိတ်ဆက်ပေးလိုက်သည်။ ထိုအခါထိုလင်မယားနှစ်ယောက်ကခေါင်းညိတ်ကာ ပြုံးပြ၍ပြန်နှုတ်ဆက်သည်။
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ။ ပုံစံကြည့်ရတာ ကျွန်တော့်ထက်ငယ်မယ်ထင်တယ်"
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
Part-54(Unicode + Zawgyi)
Start from the beginning
