Part-54(Unicode + Zawgyi)

Start from the beginning
                                        

"ဟော် ကိုသန့်ဇေ နိုးပြီလား?"

"ဟုတ်ကဲ့ ခဏနေကျွန်တော်လည်းလေဆိပ်သွားတော့မှာလေ.."

"မိန်းမနဲ့တွေ့ရတော့မှာဆိုတော့ပျော်နေတယ်ပေါ့.."

"ဒါပေါ့ဗျာ.."

ခွန်းနှောင်ကြိုးရယ်ကာပြောလိုက်တော့ သန့်ဇေထွန်းကလည်းရယ်ကာခေါင်းတညိတ်ညိတ်၊ ပြီးနောက်သုံးယောက်သားအောက်ထပ်သို့ဆင်းလာကြလေသည်။

အောက်ထပ်သို့ရောက်သော် ဧည့်ခန်းတွင်းသို့ဝင်ကာ ဒေါ်နုဝေအား သုံးယောက်သားထိုင်ကန်တော့ကြသည်။

"အေးကွယ် ဘေးအန္တရာယ်မှန်သမျှကင်းဝေးပြီး ဘေးမသိရန်မခဘဲ လိုရာခရီးကိုချောချောမွေ့မွေ့ရောက်ပါစေကွယ်.."

"ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ ကြီးကြီး"

"ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ ကြီးမေ"

ဒေါ်နုဝေ‌၏ဆုပေးစကားကိုခွန်းနှောင်ကြိုးနှင့် သန့်‌ဇေတို့နှစ်ယောက်သာပြန်ပြောလိုက်သည်။ ထို့နောက်သုံးယောက်သား ဆိုဖာပေါ်တွင်ပြန်ထိုင်သည်။

"ဒီပိုက်ဆံတွေကပြန်ယူသွားပါကွယ်..။ ကြီးမေလဲလိုမှမလိုတာ..၊ သားဈာန်ကဈေးဖိုးပေးခဲ့တာပဲ ပြန်ယူသွားလိုက်ပါ သားခွန်းတို့ရယ်.."

ဒေါ်နုဝေသူ့အား ပိုက်ဆံများနှင့်ကန်တော့လာသောဈာန်မင်းတခေတ်တို့ကို ထိုပိုက်ဆံများပြန်ပေးကာပြောလိုက်သည်။

"မဟုတ်တာကြီးကြီးရယ်..။ သားတို့ကဘယ်အချိန်မှပြန်လာမယ်မှန်းမှမသိတာ..ယူထားလိုက်ပါ။ ဪ..ကြီးကြီး ရွာကကြီးကြီးခေါ်ထားတဲ့လူဆိုတာရောက်ပြီလား၊ ဘယ်တော့ရောက်မှာတဲ့လဲ?"

ခွန်းနှောင်ကြိုးတစ်ယောက် ထိုပိုက်ဆံများအားပြန်ပေးကာ ပြောလိုက်သည်။

ဈာန်မင်းတခေတ်တို့ New York သို့သွားလျှင် ဒေါ်နုဝေနှင့်သူတူလေးဖိုးဝသာကျန်ခဲ့မည်ဖြစ်သောကြောင့် အိမ်စောင့်ရန် ယောက်ျားသားတစ်ယောက်ကတော့လိုမည်။ ထို့ကြောင့်ဒေါ်နုဝေ၏ရွာမှ ‌ဆယ်ကျော်သက်‌ယောက်ျားတစ်ယောက်ကို ဈာန်မင်းတခေတ် ခေါ်ခိုင်းထားလေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now