ချန်ကျဲယွမ် ထိုသူနှင့် ပထမဆုံးစတွေ့ဆုံခဲ့သည်မှာ လွန်ခဲ့သော ၄ နှစ်ကပင် ... အတိအကျပြောရလျှင် ယခုနေရာ၌ ...
ထိုစဉ်က သူတို့ကျောင်းတွင် ဇာတ်လမ်းတစ်ခုအတွက် ရိုက်ကူးရေးလာရိုက်ကြသည်။ အဲ့နေ့ကို သူရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။ ယခုကဲ့သို့ လေတဖြူးဖြူး ဆောင်းဦးရာသီအဝင်ဖြစ်သည်။ သို့ပေမယ့် အပူချိန်မပျောက်ပျက်သေးတာမလို့ အနွေးထည်ဝတ်စရာမလို...
ဆရာ့၏ သမီးလေးသည် ရိုက်ကူးရေး၌ အခန်းအနည်းငယ်ပင် ဝင်ရိုက်ခဲ့သည်။ ဆရာက သူ့အား သွားပြန်ခေါ်ပေးပါရန် အကူအညီတောင်းသဖြင့် ရိုက်ကူးရေးရှိရာသို့ ယောင်လည်လည်သွားလိုက်ရသည်။ စက်ပစ္စည်း ၊ ကိရိယာတွေနဲ့အတူ ရိုက်ကူးရေးပတ်လည်၌ လူအများ ရှုပ်ယှက်ခက်နေကြသည်။
ရိုက်ကူးရေးဝန်ထမ်းများအားက ကလေးမှာ အပင်တန်းတွေဘက်၌ရှိသည်ပြော၍ အပင်တန်းတွေဆီလာအခိုက် ... တေးသီချင်းသံတစ်ပုဒ်ကို အမှတ်မထင်ကြားလိုက်ရသည်။
အသံမှာ နူးညံ့မှုတွေပြည့်နေသည်ဟု မဆိုသာသော်ငြား အေးချမ်းတည်ကြည်မှုတွေနဲ့အတူ စိတ်အေးချမ်းနိုင်စေသော အသံမျိုးပင်။
လေတသိမ့်သိမ့်ကြောင့် ကြွေကျနေသော သစ်ရွက်များက တရွေ့ရွေ့ ...
တစ်ဖက်ရှိ အသံပေါင်းစုံ ၊ လူတစ်ရုံးရုံးနှင့် ကွဲပြားစွာ ထိုနေရာ၌ သူ့ခြေသံ ၊ သစ်ရွက်ခြောက် မြေခပ်သံအပြင် ထိုသီချင်းသံကသာ အငြိမ့်ညောင်းဆုံး ထွက်ပေါ်နေသည်။ထိုနေရာနှင့် နီးကပ်လာသည်နှင့်အမျှ အသံကို ပို၍ ရှင်းရှင်းလင်းလင်းကြားရလာသည်။
ကောင်လေးတစ်ယောက်သည် ခုံတန်းပေါ်၌ ထိုင်၍ ကလေးမလေးအား သီချင်းတစ်ပုဒ် လက်တန်းဆိုပြနေ၏။ထိုသူ၏ မျက်နှာမှာ ခပ်သွယ်သွယ်နဲ့ လခြမ်းသဏ္ဍာန် မျက်ခုံးတစ်ခုံပါရှိသည်။ ဖြောင့်စင်းနေတဲ့ နှာတံလေးက ထိုသူ၏မျက်နှာကို ပို၍ပြေပြစ်သွားစေသည်။
နှုတ်ခမ်းပါးပါးလေးမှတဆင့် ထွက်ပေါ်လာသော အသံဟာ လူကို မှင်သေသွားအောင် လုပ်နိုင်သည့်ပုံပင်။ သူပင် တခဏတာ ရပ်တန့်ပြီး နားထောင်နေမိသည်။ သူ၏နှလုံးခုန်သံတိုင်းက သီချင်းသံစဉ်နှင့် စည်းချက်ကျနေသယောင် ...။
![](https://img.wattpad.com/cover/352603000-288-k165965.jpg)
YOU ARE READING
Planting Heart Parcel
Fanfictionချစ်ခြင်းဆိုတာ အပင်လေးတစ်ပင်ကို စိုက်ပျိုးရသလိုပါပဲ ... ချိုသာတဲ့ မြေဩဇာစကားလုံးတွေရယ်, နွေးထွေးမှု နေရောင်ခြည်ရယ်, တသွင်သွင်စီးဆင်းနေတဲ့ စိတ်ရှည်မှုတွေနဲ့အတူ ဂရုစိုက်မှုအပြည့်ပေးပြီးမှ ထိုအပင်လေး ရှင်သန်လာပါလိမ့်မယ် .... { စိတ်ကူးယဉ်ရေးသားခြင်းသာဖြ...