အပိုင်း {၄၃} (ZAWGYI)

Start from the beginning
                                    

"အဲ့တာဆို အစ်ကို့တို့ အခန်းထဲ ပြောင်းရအောင်။ ဒီနေ့တစ်ရက်ပါပဲ။ ကိုရိပ် အရမ်း အိပ်ချင်နေလို့။"

လှိုင်းသည် မေ၏ သဘောတူညီချက်ကို ယူပြီးမှ နံရံကို မှီကာ ထောက်ထားသည့် လက်ပေါ် မေးတင်ပြီး ငိုက်နေသည့် မာန့်ကို နှိုးယူရသည် ... ဒါလား မအိပ်ချင်သည့်သူက။ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် အသာအယာ မှိတ်ထားသော မျက်လုံးမို့မို့များအောက်၌ ချိုင့်ဝင်ချင်နေသည့် မျက်ကွင်းညိုညိုတို့၏ အရင်းခံသည် သူ ဖြစ်နေသဖြင့် ပိုစိတ်မကောင်းဖြစ်ရသည်။ မာန်လည်း မေ စာမေးပွဲ မပြီးမချင်း လှိုင်းတို့စာသင်သည်ကို ဘယ်လိုလုပ် အနားထိုင်စောင့်နေချင်မည်နည်း။ အန်းမား၏ အမိန့်စကားကြောင့်သာ မာန့်မှာ အိပ်ရေးပျက်ခံပြီး အနားလာထိုင်နေရသည် ဖြစ်ရာ ယခုမူ သူမြတ်နိုးရသူက တကယ့်ကို ပန်ဒါလေး ဖြစ်နေလေပြီ။

"ကိုရိပ် ..ကိုရိပ် ထ။ ကျွန်တော်တို့ အခန်းပြန်ရအောင်။"

"အင်"

လက်မောင်းကို အသာ ကိုင်ကာ ခပ်ဖွဖွ လှုပ်နှိုးကာမှ အင်း အဲဖြင့် မျက်လုံးများ ဖွင့်လာကာ အိပ်မှုန်စုံမွှား မျက်နက်ဝန်းများဖြင့် ကြည့်ရင်း အိပ်ချင်မူးတူး လေသံဖြင့် မေးစမ်းလာသည်။

"မင်းတို့ စာကျက်တာ ပြီးသွားပြီလား။"

မျက်လုံးများကို ဖွေးဥနေသည့် လက်ဖမိုးဖြူဖြူများဖြင့် ပွတ်ရင်း မေးလာပုံကိုက အကြည့်မလွှဲချင်စရာ။ ဘာလို့များ ယောင်္ကျားလေး တစ်ယောက်က အသက်ကြီးလာလေ မတို့ရက် မထိရက်လောက်အောင် ချောလာလေ ဖြစ်ရသနည်း။ ဦးသော်က၏ သား ဖြစ်သည့်တိုင်အောင် ဇွဲမာန်ဟိန်းပင် မာန့်လောက် မချောသလိုပဲ။ ဓာတ်ပုံဆရာ လုပ်နေရင်းမှ အနုပညာလမ်းကြောင်းထဲ ကူးကာ ဒါရိုက်တာ လုပ်ရန် ဆည်းပူးနေသည့် ဟိန်းသည် ကြိမ်ဖန်မနည်းအောင် ခေါင်းဆောင်မင်းသား လုပ်ရန် ကမ်းလှမ်းခံရသည့်တိုင်အောင် လှိုင်းအတွက်မူ မာန်က ပို၍ ပြီးပြည့်စုံနေသလိုပါပဲ။

"မပြီးသေးဘူး ကိုရိပ်။ ကျွန်တော့်တို့ ကိုရိပ်ရဲ့အခန်းထဲမှာပဲ ဆက်ကျက်လိုက်မယ်။ ကိုရိပ် အိပ်ချင်နေပြီမလား ..အခန်းပြန်အိပ် ကိုရိပ်။ လာ ထ ..ကျွန်တော်စာအုပ်တွေ သယ်ခဲ့လိုက်မယ်။"

လမင်းခြေသံ { Completed }Where stories live. Discover now