မိုးတသည်းသည်းရွာသွန်းနေသော နေ့တစ်နေ့ ။ ကောင်းကင်အရောင် အုံ့မှိုင်းမှိုင်းက အခန်းအတွင်းရှိ အမှောင်ရိပ်ကို ပို၍ပင့်တင်နေသယောင် ... တံခါးအားလုံးပိတ်ထားပြီးဖြစ်သော်လည်း လေဝင်ပေါက်များမှတဆင့် လေအေးများ တစိမ့်စိမ့်ဝင်လာသေး၏ ။
"ဆောင်းဦးရောက်နေတာတောင် မိုးတွေရွာနေတုန်းပါလား"
Staff က အခန်းမီးကိုဖွင့်ရင်း ငြီးငြူနေလေသည်။ သူကဆက်၍ "Boss! နေမကောင်းဖြစ်နေတာ တကယ်ပဲပြုစုဖို့လူမလိုဘူးလား? ဒီနေ့တစ်ရက် ကျွန်တော်စောင့်နေပေးမယ်လေ" ။
Staff က ဘေးဘက်ထိုင်ခုံပေါ်ရှိ အမျိုးသားအား ကြည့်ပြောလိုက်သည် ။
ထိုအမျိုးသားမှာ အပြင်ဘက်ရှိမိုးရွာသံအား လုံးဝဂရုမထားစွာဖြင့် ဇာတ်ညွှန်းစာအုပ်ကိုင်ကာ စိတ်ဝင်တစား ဖတ်နေသည်။ ခေါင်းငုံထားသဖြင့် ထိုသူ၏ မျက်နှာမှာ နဂိုရှိရင်းစွဲထက် ပို၍သွယ်နေကာ မေးရိုးလိုင်းများအား အထင်သားမြင်နေရ၏။ မျက်လုံးတစ်ချက်ပင့်တင်တိုင်း လခြမ်းသဏ္ဍာန်မျက်ခုံးရိုးမှာ အပေါ်သို့ဆန့်တက်လာပါသေးသည်။
ထိုသူမှာ အမေးစကားကြား၍ စာကြည့်မျက်မှန်မှတစ်ဆင့် Staff ကိုလှမ်းကြည့်လိုက်သည်။
"ရိုးရိုးအအေးမိတာလောက်တော့ စောင့်ပေးစရာမလိုပါဘူး။ မနက်ထဲက အဖျားကျသွားပြီ"
ထို့နောက် ဇာတ်ညွှန်းအားပြန်လည် ဖတ်ရှုရင်းဆက်ပြောသည်, "မပူပါနဲ့ မနက်ဖြန် schedule အတိုင်းလုပ်နိုင်ပါတယ်" ။
"အဲ့ဒါဆို Boss ကျွန်တော်သွားတော့မယ်နော်, စောစောအိပ်ဖို့သတိရဦး"
"မနက်ဖြန် နေ့လည်ကျမှ လာကြိုဖို့ကားလွှတ်လိုက်မယ် " ထို့နောက် staff မှာ ထီးတစ်ချောင်းဖြင့်ထွက်သွားလေသည်။အမျိုးသားဖြစ်သူမှာ ထ၍အခန်းထောင့်မှ စာအုပ်စဉ်ဆီလျှောက်သွားရင်း စာအုပ်တစ်အုပ်အားရှာနေသည်။ စာအုပ်စင်မှာ ၅ဆင့်ရှိပြီး အပေါ်ဆုံးထပ်၌ ဆုတံဆိပ်မျိုးစုံနဲ့ ဓာတ်ပုံများတင်ထားလေသည်။ ဆုများအကြား ထူးထူးခြားခြား အလှဖန်ဘောင်တစ်ခုပင်ရှိ၏။
YOU ARE READING
Planting Heart Parcel
Fanfictionချစ်ခြင်းဆိုတာ အပင်လေးတစ်ပင်ကို စိုက်ပျိုးရသလိုပါပဲ ... ချိုသာတဲ့ မြေဩဇာစကားလုံးတွေရယ်, နွေးထွေးမှု နေရောင်ခြည်ရယ်, တသွင်သွင်စီးဆင်းနေတဲ့ စိတ်ရှည်မှုတွေနဲ့အတူ ဂရုစိုက်မှုအပြည့်ပေးပြီးမှ ထိုအပင်လေး ရှင်သန်လာပါလိမ့်မယ် .... { စိတ်ကူးယဉ်ရေးသားခြင်းသာဖြ...