Part 4

21.4K 266 0
                                        

(Uni)

ရှိန်းဆက်သည် လရိပ်ပျိုနှင့်မြင့်မိုရ်တို့နှစ်ယောက်လုံးကို တရုတ်စားသောက်ဆိုင်တစ်ဆိုင်သို့ခေါ် လာခဲ့သည်။ရှိုင်းဆက်က သူမတို့အတွက်တရုတ်အစားအစာနှင့် ဝိုင်တစ်ပုလင်းမှာပေးလိုက်သည်။သူမကတော့ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ရာသီလာနေ၍ ဝိုင်မသောက်ချေ။မြင့်မိုရ် ကတော့အစားအသောက်တွေကိုစားပွဲထိုး တွေ ချပြီးသည်တစ်ပြိုင်နက် စတင်ဝါးတီးဆွဲနေလေသည်။သူမကတော့ တရုတ်အစားအစာတွေ ထဲမှာမှ အကြိုက်ဆုံးဖြစ်သည့် ပုဇွန်ပေါင်းကိုဘဲစားနေလိုက်သည်။သို့‌ပေမယ့် ထိုပုဇွန်ပေါင်းကသူမထင်သလို အချိုမဟုတ်ဘဲ အစပ်ဖြစ်နေသောကြောင့်မျက်နှာရှုံ့မဲ့သွားမိပါသည်။သူမသည်ရာသီလာနေစဉ်မှာ အစပ်နှင့်ပက်သက်သည့် အစားအသောက်မှန်သမျှကိုအမြဲတမ်းရှောင်သည်။အခုရှိုင်းဆက်မှာထားသည့် အစားအသောက်အကုန်လုံးနီးပါးမှာအစပ်တွေချည်းဖြစ်နေသည်။မြင့်မိုရ်ကတော့ဂုံးဆင်းနေရသည်ကြောင့်  စပ်သည်လားမစပ်သည်လားမသိ အားရပါးရစားနေရှာသည်။ရှိုင်းဆက်ကို ကြည့်လိုက်တော့လည်း ရှိုင်းဆက်က သူ့ဟာနဲ့သူ ခေါက်ဆွဲအစပ်တစ်ပွဲကို အေးအေးဆေးဆေးစားနေသည်။

"လရိပ် မစားဘူးလား ခံတွင်းမတွေ့ဖူးလား အစားအသောက်တွေကနည်းနည်းစပ်ပေမယ့်စားလို့ကောင်းပါတယ် လရိပ်တို့မိန်းကလေးတွေကအစပ်ကြိုက်‌တတ်တယ်ထင်လို့လရိပ်တို့မိန်းကလေးတွေဦးစားပေး အစပ်တွေချည်းမှာထားပေးတာ"

လရိပ်သည် ရှိုင်းဆက်က သူမတို့အတွက်စဉ်းစားပြီးမှာပေးထားသည်ကြောင့်အားနာနာနဲ့စားလိုက်ရသည်။ကိုယ်ရာသီလာနေလို့ အစပ်မစားနိုင်တာကို သူမ ရှိုင်းဆက်ကိုရှက်၍လုံး၀ပြောမထွက်ပေ။သူမသည်ပုဇွန်ပေါင်းအစပ်တစ်ပွဲကိုမနည်းကုန်အောင်စားလိုက်ရသည်။သူမစားပြီးသည်နှင့်တစ်ပြိုင်နက်ချွေးတွေပျံလာခဲ့သည်။သူမသည်ရှိုင်းဆက်သတိထားမိသွားမှာစိုးသောကြောင့် သူမ၏ချွေးထွက်နေ‌တဲ့မျက်နှာကိုတစ်သျှူးနဲ့အမြန်သုတ်လိုက်ရသည်။

"ကိုရှိုင်းဆက် လရိပ်တို့ပြန်တော့မယ်နော်"

"ဟာ့ ပြန်တော့မှာလား လရိပ် ဝိုင်တောင်မဖောက်ရသေးဘူးလေ မပြန်ပါနဲ့ဦး ဝိုင် သောက်ပြီးမှပြန်ကြမယ်လေနော်"

ကျွန်တော်ပိုင်သော သူမ (Completed✅)Where stories live. Discover now