မေးလိုက်တော့MiyaကLisaအနားလေးကိုကပ်လိုက်ကာနားနားလေးကိုကပ်ပြီး...

"ဘာလဲ။LiကMiကိုစိတ်နာတာနဲ့ ဘာမဟုတ်တဲ့ကလေးတစ်ယောက်ကိုမွေးပြီးစားတော့မလို့လား။အဟင်း...ပြောမယ့်သာပြောတာပါLiရဲ့သွေးမတော်တဲ့သမီးလေးကချစ်စရာလေးပဲကိုး။အဲ့လိုမျိုးလုပ်ခဲ့ရင်တောင်MiကLiကိုခွင့်လွှတ်တယ်နော်သိလား။ဘာလို့ဆိုတော့Miပြန်လာတာကLiကMiတစ်ယောက်ထဲရဲ့အပိုင်ဖြစ်အောင်လုပ်ဖို့..."

ခနဲ့တဲ့လေသံနဲ့ပြောလာတော့Lisaစိတ်တိုသွားကာMiyaကိုစောင့်တွန်းတော့မယ့်အချိန်...

"မင်း...မင်း...."

Jijiနဲ့Jenကအခန်းထဲကိုဝင်လာတာကြောင့်စိတ်တိုပီးလက်ရွယ်ထားတဲ့LisaကိုJijiကထိန်းလိုက်ကာ...

"ဟာ...Liမလုပ်နဲ့လေ"

MiyaကိုလဲJenကနောက်ကိုသွင်းလိုက်ပြီး...

"လက်မပါနဲ့လေ။Liရဲ့...ဘာတေဖြစ်လို့နင်ကစိတ်အဲ့လောက်တိုနေရတာလဲ"

မျက်နှာတေနီရဲပြီးMiyaကိုစိုက်ကြည့်နေတဲ့LisaကိုJenက​မေးလိုက်တော့ဆွဲထားတဲ့Jijiလက်ကိုLisaဖယ်လိုက်ကာ....

"မင်းစကားတေကဘယ်ထိရောက်သွားလဲဆိုတာမင်းသိလား။မျော်လင့်မနေနဲ့။ငါဘယ်တော့မှမင်းဆီကိုပြန်မလာဘူး။မင်းပြောသလိုလဲဘယ်တော့မှဖြစ်မလာစေရဘူး။တောက်စ်..."

တောက်ခေါက်လိုက်ပြီးအခန်းတံခါးကိုဆွဲဖွင့်ကာဒေါသတကြီးထွက်သွားတာကိုMiyaကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်းစိတ်ထဲကနေ...

*ငါစောင့်ကြည့်နေမယ်Lalisa။နင့်ကိုငါမရရင်ဘယ်သူမှလဲမရစေရဘူးဆိုတာနင်သိစေရမယ်*

ကြိမ်းဝါးလိုက်တော့တယ်။Jijiနဲ့Jenကထွက်သွားတဲ့Lisaကိုကြည့်ရင်းMiyaကို...

"နင်တို့ဘာတေဖြစ်သွားရတာလဲ။ပြီးတော့Liကဘာလို့အဲ့လောက်ထိစိတ်တိုသွားရတာလဲ။နင်သူ့ကိုဘာတေပြောလိုက်တာလဲMiay"

Jenကမေးလိုက်သလိုJijiကပါကြည့်နေတာကြောင့်Miyaကမျက်ရည်တေဝဲလာကာ...

"အာ့ အာညီး။ငါ ငါLiကိုခလေးမွေးစားမယ့်ကိစ္စသေချာစဥ်းစားပါအုန်းလို့ပြောလိုက်တာ။သူ့ကို စိတ်ပူပြီးပြောလိုက်မိတာကို.ငါ့ကိုဒေါသတေထွက်သွားတာ"

Baby's DaddyWhere stories live. Discover now