Part 2

27.4K 345 5
                                        

(Uni)

ဒီလိုနဲ့အချိန်တွေကြာလာတော့ သူမတို့သည် အသက်တွေကြီးလာကြပြီးဖြစ်၏။ယခု‌ဆို လရိပ်ပျိုသည် အသက်၂၅နှစ်ရှိနေပြီးဖြစ်သည်။သူမသည် ဒီဇိုင်နာအလုပ်ကို ဝါသနာပါသည်ဖြစ်တာကြောင့် တက္ကသိုလ်ကျောင်းပြီးတာနှင့်တစ်ပြိုင်နက် ဒီဇိုင်နာသင်တန်းကိုစတက်ခဲ့သည်။

ရှိန်းသမ္ဘာကတော့ ၁၀တန်းကျောင်းပြီးသည်နှင့် မြန်မာပြည်မှာတက္ကသိုလ်ဆက်မတက်ဘဲ အဂ်လန်သို့သွား၍ ကျောင်းတက်ခဲ့သည်။အခုဆို ရှိန်းသမ္ဘာ၏အဖေဖြစ်သူ ဦးမင်းသူသည် အသက်ကြီးလာပြီးဖြစ်တာကြောင့် သူ့၏ကုမ္မဏီကို မကိုင်တွယ်နိုင်တော့ဘဲ သူ့အားလက်လွှဲပေးခဲ့သည်။အခုဆို သူက CEOကြီး ရှိန်းသမ္ဘာဖြစ်နေပြီးပေါ့။သို့ပေမယ့် သူသည် CEOဖြစ်နေပြီးဆိုသော်လည်း မိန်းမတွေနဲ့ခပ်ရှင်းရှင်းမနေဘဲ ထည်လဲတွဲကာ ပွေရှုပ်နေခဲ့သည်။သူသည် ရုပ်ချောပြီး ငွေကြေးချမ်းသာသည်ကြောင့် တွဲသမျှမိန်းမတိုင်းက ချမ်းသာသည့် အသိုင်းအဝိုင်းကချည်းဖြစ်၏။
သို့သော် လရိပ်ပျိုမှာတော့ ယခုအချိန်အထိ ရည်းစားမထားဘဲ ဒီဇိုင်းဘက်ကို အာရုံစိုက်ခဲ့၏။သူမသည် ယခုဆိုလျှင် ရှိန်းသမ္ဘာတို့၏အိမ်မှာမနေဘဲ ကိုယ်ပိုင်တိုက်ခန်းနှင့်နေနေသည်။အကြောင်းမှာ ရှိန်းသမ္ဘာတို့၏အိမ်မှာနေနေလျှင် သူ့ကိုနေ့တိုင်းလိုလိုတွေ့မြင်နေရမှာစိုး၍ ဖြစ်သည်။

သို့သော်လည်း တစ်နေ့မှာ ရှိန်းသမ္ဘာ၏အဖေဖြစ်သူ ဦးမင်းသူသည် နှလုံးဖောက်လာ၍ သူမအမေသည် သူမကို အိမ်ကိုပြန်လာနေဖို့ ဆက်သွယ်လာခဲ့သည်။

"သမီးရယ် ဒီအိမ်မှာ မိန်းမသားဆိုလို့ အမေတစ်ယောက်တည်းရယ်..ရှိန်းကလည်း သူ့အလုပ်တစ်ဖက်နဲ့..ဘာမှလုပ်တတ်ကိုင်တတ်တာမဟုတ်ဘူး..အဲဒါကြောင့် အမေ့ကိုကူဖို့အိမ်ကိုပြန်လာခဲ့ပါလား သမီးရယ်..ဒီမှာ အမေတစ်ယောက်တည်းနဲ့ လုပ်ရကိုင်ရတာအဆင်မပြေဘူး"

သူမကတော့ အမေဖြစ်သူက တောင်းဆိုလာသည်ကြောင့် အိမ်သို့ မဖြစ်မနေပြန်ရတော့မည်။သို့ပေမယ့် ရှိန်းသမ္ဘာနဲ့ မဆုံဖြစ်အောင်တော့ သတိရပြီးနေရတော့မှာဘဲ။

ကျွန်တော်ပိုင်သော သူမ (Completed✅)Where stories live. Discover now