(Unicode)
ရှိန်းသမ္ဘာနှင့်လရိပ်ပျိုသည် သွေးမတော်သားမဆက်သောသူများဖြစ်ကြသည်။သူတို့ဧ။်မိဘများဖြစ်သည့် ရှိန်းသမ္ဘာဧ။်အဖေနှင့်လရိပ်ပျိုဧ။်အမေသည် သူတို့နှစ်ယောက် ၅နှစ်ကတည်းကလက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ရှိန်းသမ္ဘာဧ။်အမေသည် သူ့အသက်၄နှစ်တုန်းက သွေးကင်ဆာရောဂါဖြင့် ဆုံးသွားပြီး လရိပ်ပျ်ုဧ။်အဖေသည်လရိပ်အသက် ၅နှစ်မှာ အိမ်ထောင်ရေးဖောက်ပြန်နောက်မီးလင်း၍သူမ၏ အမေနှင့်ပြသနာတက်ပြီးကွာရှင်းပြတ်ဆဲခဲ့ရသည်။တစ်နေ့မှာ လရိပ်ပျို၏ အမေသည် ရှိန်းသမ္ဘာအဖေရဲ့ကုမ္ပဏီမှာအလုပ်၀င်လုပ်ရင်း အချိန်ကြာလာသည့်အမျှနှစ်ယောက်သားချစ်ကျွမ်း၀င်ခဲ့ကြပြီး လက်ထပ်လိုက်ကြသည်။ရှိန်းသမ္ဘာဧ။်အဖေလည်းလူလွတ် လရိပ်အမေလည်းလူလွတ်မို့သူတို့ကိုပြောတဲ့သူသိပ်မရှိပေ။တစ်နေ့မှာတော့ လရိပ်ပျိုတို့ဧ။်သားအမိသည် ရှိန်းသမ္ဘာဧ။်အဖေဟုခေါ်တော့ဦးမင်းသူဆီရောက်လာခဲ့သည်။
"သား ဒါသားမာမီနဲ့သားအမ ဒီနေ့ကစပြီး သူတို့တွေက ဒယ်ဒီနဲ့သားတို့ရဲ့ မိသားစု၀င်တွေဖြစ်သွားပြီးနော်"
တကယ်တော့ ရှိန်းသမ္ဘာသည်သူမထက်အသက်၁နှစ်ငယ်ပါသည်။လရိပ်ပျိုသည် သူမကိုမျက်လုံးဝိုင်းနှင့်ကြည့်နေသည့် ရှိန်းသမ္ဘာဆိုသည့် ကလေးငယ်ကိုကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ..
"ရှိန်း အမနာမည် လရိပ်ပါ ဒီနေ့ကစပြီးအမတို့နှစ်ယောက်ကမောင်နှမဖြစ်သွားပြီးနော် အဟိ "
"မမ"
ရှိန်းသမ္ဘာထိုသို့ခေါ်လိုက်တော့ လရိပ်ပျော်သွားမိသည်။ထိုကလေးက သူမတို့သားအမိကိုတွေ့တာနဲ့ရှိန်မယ်ထင်နေခဲ့တာ။ သူမအမေ ဒေါ်ယုဇနကိုကြည့်လိုက်တော့ရှိန်းကိုလည်းချစ်သွားပုံရသည်။အဲဒီကလေးကိုအကြင်နာမျက်လုံးနဲ့ကြည့်နေတဲ့ပုံကများ...
"ဝါး သားလေးကတော်လိုက်တာ မာမီ့ဆီလာပါဦးကွယ်"
ရှိန်းသမ္ဘာဆိုသည့် ကောင်လေးကကမိခင်မေတ္တာကို အချိန်အတော်ကြာငတ်နေခဲ့သည်နှင့်တူသည်။သူမဧ။်အမေခေါ်တော့သူမအမေဆီချက်ချင်းပြေးသွားသည်။

YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed✅)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞