Arc 1 : Mr. Aရဲ့ဈာပန

325 48 6
                                    

Unicode

Chapter 2.2 - လူသတ်သမား

မနေ့ညက သူတို့အခန်းထဲမှာ ဝိညာဉ်ဆိုင်ရာ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။ ဥပမာအားဖြင့်၊ ညနက်သန်းခေါင်မှာ တံခါးခေါက်သံ စတင်ထွက်ပေါ်လာတယ်၊ ပြတင်းပေါက်မှာ ဖြူဖျော့ဖျော့မျက်နှာတစ်ခုရှိနေပြီး သူတို့ရဲ့အိပ်ယာအောက်ကနေ လက်တစ်ဖက်ထွက်လာတာမျိုးတွေပင်... လောင်ချန်သာ အနားမှာမရှိခဲ့ရင် နေထွက်လာတာကိုကြည့်ဖို့ အသက်မရှိတော့မှာစိုးရသည်။

ထို့ကြောင့် လူတိုင်းက တစ်ယောက်တည်းဖြစ်နေသော ရှန်သုန့်ချင်းကို သေသွားပြီဟု ထင်ခဲ့ကြသည်။

ရှန်သုန့်ချင်းက အတိုချုံးပြန်လည်တွေးတောလိုက်ပြီး"မကြုံခဲ့ရဘူး"

စိတ်အားထက်သန်လွန်းတဲ့ အခန်းဖော်ကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူး။

လောင်ချန်က သူ့စကားကိုကြားသောအခါ၊ မူမမှန်တာကိုရှာဖွေချင်သလိုမျိုး မျက်၀န်း‌များက မည်းနက်နေပြီး ရှန်သုန့်ချင်းအား တချက်တချက်ကြည့်နေသည်။ သူက ဒီအကြောင်းအရာကို ဆက်မပြောချင်တော့တဲ့အတွက် "လူသတ်သမားကို သုံးရက်အတွင်း ရှာရမှာပေါ့ အချိန်က ပဓာနပဲ၊ သဲလွန်စရှာဖို့ လူခွဲလိုက်မယ်"

မနေ့ညက အဖြစ်အပျက်တွေအပြီးမှာ တခြားသူတွေက အပြင်မှာ ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိထားပြီးသားဖြစ်ပြီး သူတို့ထဲက တစ်ယောက်မှ မလှုပ်ရဲကြဘူး။

လောင်ချန်က စိတ်မရှည်တော့ပေ။ "အိမ်ရှင်မက မနေ့က စည်းမျဥ်းတွေကို ပြောထားပြီးသားလေ နေ့ခင်းဘက်က လုံခြုံပြီး ညဘက်မှသာ သရဲတွေ ပေါ်လာမှာ"

လူအုပ်စုက လှုပ်ရှားဖို့အတွက် သူတို့ကိုယ်သူတို့ ဖိအားပေးလိုက်ကြသည်။

လောင်ချန်က အမိန့်ပေးလိုက်၏။"တတိယထပ်ရဲ့ အတွင်းအကျဆုံးအခန်းကို မသွားကြနဲ့"

ကျန်လူများသည် အပြင်ဘက်သို့ တဖျတ်ဖျတ်ရှပ်တိုက်လျှောက်သွားကြပြီး လူစုခွဲလိုက်ကာ ရှန်သုန့်ချင်းကိုတော့ ဆိုဖာပေါ်တွင် တစ်ယောက်တည်း ထားခဲ့ကြလေသည်။

လူဖြစ်ချင်တဲ့ သရဲလေးحيث تعيش القصص. اكتشف الآن