"အိုးး အရသာရှိတဲ့အစားစာလေးပါလား"တဲ့

အဲ့လူရဲ့စကားကြောင့်မားကလုံးဝထိတ်လန့်သွားခဲ့ရပြီး ။သူ့ကိုတင်းကျပ်နေအာင်ပွေ့ဖက်ထားတယ်။မားကကြောက်နေတဲ့သူ့ကိုပွေ့ဖက်ထားပြီးချက်ချင်းအကာအကွယ်ကိုထုတ်သုံးလိုက်တာကြောင့်အဲ့လူထူးဆန်းကသူတို့ကပ်လာလို့မရခဲ့ဘူး။အဲ့လူကြီးကမားရဲ့အကာအကွယ်ကို ချိုးဖောက်ဖို့နည်းလမ်းအမျိုးမျိုးသုံးနေခဲ့တယ်။

အဲ့လူကအကာအကွယ်ကိုဖောက်ထွင်းဖို့အဆက်မပျက် တိုက်ခိုက်နေတယ်။ဒါပင်မဲ့ သူဘယ်လိုပဲ ချိုးဖျက်ချိုးဖျက် အကာအကွယ်က ဘာမှမဖြစ်သွားတာမို့ဒေါသ တဖြည်းဖြည်းထွက်ကာ အဲ့သောက်အကာကြီးကို ကိုယ်လုံးနဲ့ဝင်စောင့်မပစ်လိုက်သည်။သို့သော်သူကသာလွင့်ထွက်သွားပြီး အကာအကွယ်က ဝောာ့နဂိုအတိုင်းသာရှိနေတာမို့

"အာ.........သောက်ချီးလိုပဲ"

"နင်စိတ်တိုနေလဲအပိုပဲ ဒီအကာအကွယ်ကို နင်ချိုးဖောက်နိုင်မှာမဟုတ်ဘူး"

"ဘာစောက်အကာအကွယ်ကြီးမို့မချိုးဖောက်နိုင်ရမှာလဲ...ငါကရအောင်ချိုးဖောက်ပြမယ်"

ဒေါသတကြီးကြုံး၀ါးပြီတာနဲ့ အဲ့လူချက်ချင်းပဲ မီးလုံးတွေနဲ့ အကာအကွယ်ကို အဆက်မပျက်ပစ်ခတ်နေခဲ့တယ်။ဒါပင်မဲ့ ခြစ်ရာလေးတောင် မထင်တဲ့အကာအကွယ်ကြောင့်

"အားးးးးးငါလိုးလိုပဲ"

ထိုလူက ကျယ်လောင်စွာဆဲရေး ပြီးသူ့ကိုယ်ကလေပေါ်မြှောက်တက်သွားခဲ့တယ်။မဲနေတဲ့ကောင်ကင်းတွေကလဲပိုမဲမှောင်လာတယ်။အဲ့လူက သူလက်နှစ်ဖက်ကိုဘေးကိုပြန့်ကာလိုက်ပြီး လက်ဖဝါးနှစ်ကိုဖြန့်လိုက်တဲ့အခါမှာ လျှပ်စီးတွေလျှပ်လာပြီး မိုးချုန်း သံတွေကလဲအဆက်မပျက် ထွက်ပေါ်လာတယ်။

မားကတော့ကြောက်ရွံ့နေတဲ့ ရှောင်းလေးကိုတင်းတင်းကြပ်ကြပ်ဖက်ထားနေတယ်။သွားရောက်ပြီးမားကိုပွေ့ဖက်ထားချင်ပင်မဲ့ သူ့ရဲ့ခန္ဓာကိုယ်ကတော့ ကျောက်ချထားသလို နည်းနည်းလေးတောင်လှုပ်လို့မရခဲ့ဘူး။

"မင်းတို့ သေဖို့တာပြင်ထားတော့ ......."

အဲ့စကားသံကိုကြားတဲ့အချိန်ကြည့်လိုက်တော့ အဲ့လူက လျှပ်စစ်လှိုင်းကြီးတစ်ခုကို အကာအကွယ်စီ ပစ်ပေါက်ခဲ့တယ်။တုန့်လှုပ်မိသွားခဲ့တယ်။မားလို့ပါးစပ်ကလဲခေါ်လို့မရခဲ့သလို ကိုယ်ကလဲ လုံးဝလှုပ်လို့ရမနေဘူး။မျက်နှာပေါ်က ပူနွေးနွေးအရည်ကိုခံစားမိလိုက်တယ်။ငိုမိတယ်ထင်တယ်။လျှပ်စစ်လိုင်းရဲ့တိုက်ခိုက်မှုကြောင့် မြေကြီး ကလဲပြင်းပြင်းထန်းထန်းတုန်ခါသွားသလိုအဲ့လူယုတ်မာလဲ မြေပြင်ပေါ်ကို အရှိန်အဟုန် နဲ့ကျလာ ပြီး သူကျတဲ့နေရာမှာ မြေအက်သွားခဲ့တယ်။အဲ့လူယုတ်မာက သွေးတပွတ်ကို အန်လိုက်ပြီးထလာကာ အကာကွယ်ကိုကြည့်လိုက်တယ်။ပြင်းထန်တဲ့ လှိုင်းလုံးရဲ့တိုက်ခိုက်မှုကိုခံရတဲ့ အချိန်မှာဖုန်းမှုန့်တွေနဲ့ ပြည့်နေတာကြောင့် ချက်ချင်းမမြင်ရခဲ့ဘူး။အဲ့ဒါကို အဲ့လူက သူမကာကွယ်ကိုချိုးဖောက်နိုင်ခဲ့ပြီလို့ထင်ပြီး

 My  Warlock (Completed)Where stories live. Discover now