Part-43(Unicode + Zawgyi)

Comenzar desde el principio
                                        

"ဪ..အေးအေး ဒေါ်ရွှေရေ..ဒေါ်ရွှေ..."

"လာပါပြီ သခင်မ..."

ဒေါ်မြတ်သီရိနွယ်ခေါ်လိုက်တော့ ဒေါ်ရွှေဆိုသည့်အိမ်အကူအဒေါ်ကြီးသည် မီးဖိုချောင်မှထွက်လာလေသည်။

"ဒေါ်ရွှေ ‌သားခွန်းကို သားငယ်ရဲ့အခန်းထဲပို့ပေးလိုက်ပါအုံး"

"ဟုတ်ကဲ့ သခင်မ"

ဒေါ်ရွှေခေါ်သည့်နောက်သို့ ခွန်းနှောင်ကြိုးလိုက်သွားလေသည်။

"ဖေဖေနဲ့မေမေ ကျွန်တော် လိုက်သွားလိုက်အုံးမယ်"

"သေချာနားဝင်အောင်ပြော..ကြားလား"

အခြေအနေကိုသိသောကြောင့် ဒေါ်မြတ်သီရိနွယ်တစ်ယောက် သက်ပြင်းချကာပြောလိုက်သည်။

"ဟုတ်ကဲ့ မေမေ"

ဒေါ်မြတ်သီရိနွယ် ဧည့်ခန်းထဲမှ ထွက်သွားသော သားဖြစ်သူကိုကြည့်ကာ သက်ပြင်းတချချသာလုပ်နေလေသည်။

"သက်ပြင်းတွေချမနေပါနဲ့ မြတ်ရယ်..ဒီလိုပဲဖြစ်သွားမှာပါ။"

ဦးစိုင်းသစ်တခေတ်နေရာမှထကာ မိန်းမဖြစ်သူနားလာထိုင်၍ပြောလိုက်သည်။

"ဟင်းးး ကိုရယ်..သားခွန်းက အခုမှကိုယ်ဝန်ရှိခါစလေ..၊ ယောက်ျားနဲ့ရုတ်တရက်ကြီးခွဲရမှာဆိုတော့ သူ့ခမျာ ဝမ်းနည်းရှာမှာပေါ့.."

"ဟိုမှာ သားငယ်အခြေကျမှ ကိုယ်တို့သားခွန်းကိုလိုက်ပို့ပေးကြမယ်လေ..၊ သားငယ်ကလည်းသူဟိုမှာ အခြေမကျသေးလို့ပါ။ မင်း သားငယ်အကြောင်းသိရဲ့သားနဲ့"

"ဒါတော့ဒါပေါ့ရှင်...၊ အခုဟာက..ဟင်းး"

"သက်ပြင်းတွေသိပ်မချပါနဲ့ ကိုယ့်မိန်းမလေးရဲ့..နှဖူးကြောတွေတွန့်လာမယ်"

"ကျွန်မနှဖူးကြောတွန့်တော့ရော ရှင်ကမချစ်တော့ဘူးလား?"

"ချစ်မချစ် အခုတောင်သက်သေပြလို့ရတယ်"

"အိုရှင်....မကြီးမငယ်နဲ့..!!"

ဒေါ်မြတ်သီရိနွယ်တစ်ယောက် သူမ,အားရင်ခွင်ထဲထည့်ကာ ချစ်စကားများပြောနေသောယောက်ျားဖြစ်သူအား မနိုင်စွာ ရယ်သံလေးနှော၍ပြောလိုက်သည်။ ဦးစိုင်းသစ်တခေတ်ကတော့ ဇနီးဖြစ်သူအားငုံ့နမ်းနေလေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Donde viven las historias. Descúbrelo ahora