ep33 (end)

9.4K 193 8
                                    

အချိန်အားဖြင့် သုံးလေးနာရီကြာပြီးတော့ ဆရာဝန်ကြီးများက သမီးငယ်လေးကိုသာကယ်နိုင်လိုက်ပြီး ဇွဲကိုတော့မကယ်လိုက်နိုင်ပေ။

တော်တော်အရှိန်ပျင်းပျင်းကားတစ်စီးက အရှေ့တည့်တည့်ကဝင်တိုက်တာကြောင့် ဇွဲကသမီးလေးကိုကာကွယ်ထားလို့သာပင် သမီးငယ်ကအများကြီးမထိခိုက်တာ နောက်မို့ဆို နှစ်ယောက်လုံး ဆုံးရှုံးရမယ်လို့ဆရာဝန်ပြောတုန်းကဆို ပန်းရောင်မှာ ခြေထောက်တွေပင်မခိုင်တော့ကာ ခွေကျသွားခဲ့ရတယ်။
'ဇွဲရယ် သမီးလေးကို အဲ့လောက်တောင်ပဲ ချစ်ရလား'ဟု ပန်းရောင်စိတ်ထဲပြောလိုက်မိတယ်

ပန်းရောင်တို့သူငယ်ချင်းတွေ သမီးလေးသတိမရသေးတာကြောင့် ဇွဲရဲ့ရုပ်အလောင်းကို နောက်ဆုံးအနေနဲ့သွားကြည့်ခဲ့ကြသည်။

"ဇွဲရယ် ထပါအုံး ငါ့ကိုဆူပါအုံးဟာ သမီးလေးနိုးလာလို့ သူ့daddyကိုမေးရင် ငါဘယ်လိုဖြေရမလဲ.....ဟင့်....ဇွဲရယ်နင်ပဲသမီးလေးကို အရမ်းချစ်တာဆို နောက်ဆုံးထိသမီးလေးကိုနင်ကာကွယ်ခဲ့တာပဲ....သမီးလေးကလဲသူ့daddyကိုအရမ်းချစ်တာလေ သမီးလေးနဲ့ငါ့ကို မျက်ရည်ကျအောင်မလုပ်ဘူးဆို အခုနင့်ကြောင့်ငိုနေရပြီ နင်ထကြည့်ပါအုံးဟာ သမီးလေးမေးရင်ငါဘယ်လိုဖြေရမှာလဲ သမီးလေးကနင်ထမင်းခွန့်ကျွေးမှစားတာလေ ငါတို့ကိုတဂယ်ထားခဲ့ပြီလားဟာ...ဟင့်"

ဇွဲရဲ့ဘေးမှာဒူးထောက်ပြီးငိုနေတဲ့ပန်းရောင်ကိုရဲသွေးထွဋ် ဖက်ထားလိုက်ပြီး နှစ်သိမ့်ပေးနေလိုက်တယ်။ သမီးလေးအပေါ်ထားတဲ့ ဇွဲ့ရဲ့မေတ္တာတွေက အရမ်းကြီးမားလွန်းတာသူခံစာမိတယ်။ရဲသွေးထွဋ်စိတ်ထဲကနေပြီးပဲ ဇွဲကိုဂတိပေးလိုက်တယ်။

'မင်းဖြစ်စေချင်သလို ပန်းရောင်နဲ့သမီးလေးကိုဘယ်တော့မှမျက်ရည်မကျအောင် ငါထားပါမယ်လို့ဂတိပေးပါ မင်းထက်မပိုရင်တောင် သမီးလေးကိုငါ့ရဲ့ချစ်ချင်းမေတ္တာတွေပေးပါမယ် ငါ့သမီးလေးရဲ့အသက်ကိုကယ်ပေးလို့လဲကျေးဇူးတင်ပါတယ် စိတ်ချသွားပါနော် '

ဟုရဲသွေးထွဋ်လဲ ဇွဲကိုစိတ်ထဲကစကားဆိုလိုတယ် ဒီစကားတွေကိုဇွဲတစ်ယောက်ကြားမှာပါလေ။တွေ့ဆုံကြုံကွာ ဒီလောကာကြီးထဲ မေတ္တာတရားကြီးများလွန်းတဲ့ ကောင်းလေးတစ်ယောက်ရဲ့ဇတ်သိမ်းဟာမလှပခဲ့ဘူး သူအမြဲပြောခဲ့သလိုပဲ သူမပိုင်တဲ့ သူ့ကမ္ဘာလေးနှစ်ခုဟာလဲ သူ့ကိုဘယ်တော့မှမမေ့ပါဘူးဆိုတာ သူမသိနိုင်တော့ပင်မဲ့ သူ့မေတ္တာတွေဟာရောင်ပြန်ဟက်ခဲ့ပါတယ်။နောင်ဘဝတွေမြန်းရှိခဲ့ရင်တော့ ဒီကမ္ဘာလေးတွေနဲ့ပြန်တွေ့ကာ ပျော်ရွှင်စွာအတူနေထိုင်သွာနိုင်ပါစေ။

Poisonous flower(completed )Where stories live. Discover now