ep31

3.7K 141 4
                                    

ဒီနေ့မနက် ပန်းရောင်အိပ်ယာနိုးတော့ ရောင်ငယ်ကိုဖီးလိမ်းပေးပြီး အန်တီရီကိုကူပြီးမနက်စာဝိုင်းကူလုပ်ပေးရင်း မနက်စာ စားလိုက်ကြတယ်။ပြီးတော့ဇွဲဆီကဖုန်းလာတာကြောင့် အလုပ်ကိစ္စခနစကားကနပြောနေတုန်း ရောင်ငယ်လေးဆော့နေတာကို သတိမထားမိပဲဖြစ်သွားတယ်။

ဇွဲက ရောင်ငယ်နဲ့စကားပြောချင်တယ်ပြောတော့မှ သမီးငယ်ကိုရှာတော့အိမ်ထဲမှာမတွေ့ ခြံထဲဆင်းဆော့နေမှာပဲဆိုပြီး ခြံထဲဆင်းရှာတော့လဲမတွေ့ပြန်

"ဇွဲ သမီးငယ်ကိုရှာလို့မတွေ့တော့ဘူး လုပ်ပါအုံး"

"ပန်းရောင်စိတ်ကိုထိန်း စိတ်ကိုထိန်း ရောင်ငယ်တစ်နေရာရာမှာဆော့နေတာဖြစ်မှာပါ စိတ်ကိုထိန်းနော်"

"ဟင့်....သမီးလေးကိုရှာပေးပါ....သမီးလေးကိုရှာပေးပါ"

ပန်းရောင်ရင်ထဲအပူမီးကြောင့် အော်ဟစ်ကာငိုကြွေးနေတော့ ကြီးမြယော ဦးလေးကြီးကပါသူ့အနားရောက်လာတော့တယ်။ဖုန်းထဲကဇွဲက သူ့ကိုစိတ်ထိန်းဖို့သာ တစ်ဖွဖွပြောနေလေတယ်။

"ပန်းရောင်လေး ဘာဖြစ်တာလဲကွယ် ကြီးမြဖြင့်လန့်လိုက်တာ"

"သမီလေး သမီးလေးကိုရှာလို့မတွေ့တော့ဘူး"

"ဟုက်လို့လားကွယ် ရောင်ငယ်ကအဲ့လိုရှောက်မသွားတက်ပါဘူး တစ်နေရာရာမှာဆော့နေလားမသိဘူး"

"သမီးလေး ပါးပါးသမီးလေး သမီးလေးကိုရှာပေးကြပါ....ဟင့်"

"သား ဦးလေးရှာပေးမယ် "

ဦးလေးကြီးလဲအမြန်ပြေးထွက်သွားပြီးရှာလေသည် ပန်းရောင်လဲဇွဲဖုန်းကိုချလိုက်ပြီး သမီးငယ်ကိုလိုက်ရှာလေတော့သည်။ ဈေးကပြန်လာတဲ့အန်တီရီကပါ သမီးလေးပျောက်နေတာသိပြီး သူဈေးသွားတုန်းတံခါးပြန်မပိတ်ခဲ့မိဘူးဆိုကာ သူ့ကိုသူအပြစ်တင်နေလေသည်။ ပန်းရောင်အခုချိန်ဘယ်သူကိုမှအပြစ်မတင်ချင်ပါ အခုချိန်သမီးလေးကိုသာ တွေ့ဖို့အရေးကြီးတယ် သမီးလေးသာတစ်ခုခုဖြစ်ရင်သူရင်ကြိုးမှာ သူသေမှာပါ။

အိမ်ထဲခြံထဲလုံးဝရှာမတွေ့တာကြောင့် လမ်းမကိုထွက်ကာ တစ်အိမ်တွေကိုသမီးလေးပုံပြပြီး လိုက်မေးတော့ မတွေ့ကြဘူးတဲ့ ပါးပါးသမီးလေးရေ ဘယ်တွေရောက်နေတာလဲ လမ်းရဲ့အတွင်းဘက် ခြံအကျယ်ကြီးတစ်ခုသာမေးဖို့ကျန်တော့တာမို့ ခြံထဲကိုပြေးဝင်လာတော့ဘယ်သူမှမတွေ့ ရင်ထဲအပူမီးနဲ့မို့ ဘယ်အရာကိုမှလဲပန်းရောင်သတိမထားမိ ခြံကအနည်ငယ်ကျယ်တာကြောင့် ခြံထဲသူဟာသူပက်ရှာလိုက်တော့ နှင်းဆီပန်းခင်းနားမှာ မနက်ကသူဝတ်ပေးထားတဲ့ ဂါဝန်လေးနဲ့သမီး သူစိတ်တွေလွှတ်ချလိုက်ကာ မျက်ရည်တွေအပြိုင်အဆိုင်ကျလာပြီး အာခေါင်ချစ်ကာလှမ်းအော်လိုက်တော့သည်။

Poisonous flower(completed )Where stories live. Discover now