ep30

3.8K 134 3
                                    

ပန်းရောင်တို့ညစာစားပြီး ရောင်ငယ်ကိုသိပ်ရန်အခန်းထဲဝင်လာခဲ့တယ်။ဇွဲကတော့ စားပြီးသမျှပန်ကန်တွေကိုဆေးနေလေရဲ့ ကြီးကြီးမြက အသက်ကြီးနေပြီမို အိမ်အလုပ်တွေဘားမှမခိုင်းပါ ပန်းရောင်နဲ့ဇွဲနဲ့သာ တစ်လှည့်စီအိမ်အလုပ်တွေလုပ်ပင်မဲ့ ကြီးကြီးမြကတော့ သူတက်နိုင်သလောက်ကူတယ်။

"ရောင်ငယ်....အိပ်တော့နော် ပါးပါးပုံပြောပြမယ်"

"yes ပါးပါး"

"ဟိုးရှေးရှေးတုန်းက............"ဟုအစချီပြီပြောလိုက်ကာ ပုံပြင်တစ်ဝက်မှာတင် ရောင်ငယ်ကအိပ်ပျော်သွားသည်။

ပန်းရောင်လဲအိပ်ပျော်သွားသော သမီးငယ်ကိုမွှေးကြူလိုက်ပြီး စောင်သေချာခြုံပေးကာ အခန်းမီးမှိတ်ပေးလိုက်ပြီး အပြင်ထွက်လာခဲ့တယ်။ပန်းရောင် အပြင်ထွက်လာတော့ ကြီးကြီးမြနဲ့ဇွဲကာ ဧည့်ခန်းထဲထိုင်နေကာ ပန်းရောင်ကိုစောင့်နေတယ်ထင်ပါတယ်။

"ကြီးကြီးမြ မအိပ်သေးဘူးလား....ဇွဲယောဘာလုပ်နေတာလဲ မနက်အလုပ်သွားရမှာမဟုက်ဘူးလား"

"ပန်းရောင်လေး...ကြီးမြသားကိုပြောစရာရှိလို့ကွယ်"

"ဟုက်ကြီးကြီးမြ.....ဘာပြောစရာရှိလို့လဲ"

ကြီးကြီးမြဘေးဝင်ထိုင်လိုက်ကာ ပြောမဲ့စကားကိုနားထောင်လိုက်တယ်..

"ဒီလိုကွဲ့...ကြီးမြကအသက်ကြီးပြီဆိုတော့ ကိုယ့်မြေကိုယ့်တိုင်းပြည်မှာပဲ ခေါင်းချချင်တာကြောင့်"

"သားနားလည်ပါတယ် ကြီးကြီးမြ ဒါပင်မဲ့ သားကြောက်တယ်"

"သားရယ် သားစိတ်ကိုကြီးမြကိုယ်ချင်းစားပါတယ်ကွယ် အခုကလဲသားအဆင်မပြေရင် ကြီးမြတစ်ယောက်ထဲပြန်လို့ရပါတယ်ကွယ်"

ဒီလိုပန်းရောင်လက်မခံနိုင်ပါ ငယ်ငယ်ထဲကတူတူနေလာတဲ့ကြီးကြီးမြက ဆွေမျိုးမရှိအိမ်ထောင်မရှိနဲ့ တစ်ယောက်ထဲပြန်မယ်ဆိုတော့ ဘယ်လိုလုပ်လွှတ်ရမှာလဲ။

"ပန်းရောင် ကိုယ်ပန်းရောင်ကိစ္စတွေကိုဝင်ပါတာမဟုက်ပင်မဲ့ ဒီကိစ္စကို ကိုယ်လဲပြောချင်နေတာ ဒီတိုင်းတစ်သက်လုံးကြီးနေသွားလို့မဖြစ်ဘူးလေပန်းရောင်"

Poisonous flower(completed )Where stories live. Discover now