ep29

7.8K 149 6
                                    


Unicode

ရက်အနည်းငယ်ကြာတော့ သူတို့အားလုံးရဲ့နောက်ဆုံးနှစ်စာမေးပွဲကြီးကိုရောက်လာခဲ့သည်။ ဒီအချိန်ဆိုတစ်ချို့က ကျောင်းပြီးလို့ဘွဲ့ရတော့မှာမို့ပျော်ရှင်နေကြသလို တစ်ချို့ကြတော့လဲ သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့4နှစ်တာကာလကိုခွဲခွာရတော့မှာမို့ဝမ်းနည်းနေသူတွေလဲရှိကြသည်။

"ပန်းရောင် ဖြေနိုင်လား ငါတော့ဘာတွေဖြေလိုက်မှန်းမသိပါဘူးဟယ်"

ဖြူဖြူလွင်ကအခန်းထဲထွက်လာလာချင်း ညည်းညူသံနဲ့အတူပန်းရောင်ကိုလှမ်းမေးသလို နောက်ကထက်ထွက့လာတဲ့ရောင်ဝါကိုလည်းထက်မေးသည်။

"ရောင်ဝါဖြေနိုင်လား...."

"အင်း...."

စိတ်မပါလက်မပါနဲ့ဖြေလာတဲ့ရောင်ဝါကြောင့် ဖြူဖြူလွင်နဲ့ပန်းရောင်မှာတစ်ယောက်နဲ့တစ်ယောက်မေးငေါ့ကာမျက်စပြစ်လိုက်သည်။

"ရောင်ဝါ စာမေးပွဲမဖြေနိုင်လို့လား"

"မဟုက်ပါဘူး"

"ဒါဆိုဘာလို့ မျက်နှာမကောင်းတာလဲ"

"ဒါနဲ့ ညိုမင်းဆွေတစ်ယောက်ယော "

"မသိဘူး.....ငါပြန်တော့မယ်"

"ဟမ်......."

ထွက်သွားတဲ့ရောင်ဝါကိုကြည့်ပြီး ရန်ဖြစ်ထားပြန်ပြီလားမသိဘူးဟုတွေးကာ ပန်းရောင်နဲ့ဖြူဖြူလွင်မှာကြောင်ပြီးကျန်ခဲ့လေသည်။

စာမေးပွဲရက်အတွင်း ရောင်ဝါနဲ့ညိုမင်းဆွေမှာတစ်ယောက်နဲ့တစ်ယောက်ရှောင်နေကြပြီး ဖြူဖြူလွင်မှာလဲ အရင်ကစာမလုပ်ခဲ့၍အခုများကုန်းရုံးလုပ်ကာ ဖြူကာပြာကာလိုက်နေ၏ ပန်းရောင်မှာတော့ စီစဉ်စရာရှိတာတွေစီစဉ်နေရတာမို့ သူတို့အဖွဲ့ဟာအရင်လိုမဆုံဖြစ်ကြတော့ပေ။ဒီလိုနဲနောက်ဆုံးစားမေးပွဲရက်ကိုရောက်လာခဲ့၏

"ရေး......စာမေးပွဲပြီးပြီဟေ့ စားကျက်စရာမလိုတော့ဘူး"

ဖြူဖြူလွင်ကအခန်းထဲကထွက်ထွက်ချင်း ပျော်ရွှင်စွာအော်နေလေ၏

"အကုန်လုံး ကန်တင်းသွားရအောင် ငါတို့တွေမဆုံတာကြာပြီ"

ဖြူဖြူလွင်ရဲ့ဆွဲခေါ်မှုကြောင့်အကုန်လုံး ကန်တင်းကိုပါလာခဲ့တော့တယ်။ဇွဲကလဲဖုန်းဆက်လာတာကြောင့် သူ့ကိုပါကန်တင်းလာခဲ့ဖို့ပြောလိုက်သည်။

Poisonous flower(completed )Where stories live. Discover now