1.5 Final

1.7K 119 92
                                    

[[ Unicode ]]

၆ယောက်သား အိမ်ပြန်ရောက်လာတော့ ဓားပြအုပ်စုကို တွေ့လိုက်ရသည်။

သူ၏အဖွဲ့သားတွေသည် ၁၀ယောက်မျှသာ။ သေနတ်ရှည်အား ကိုယ်စီကိုင်ထားပြီး ဘေးနားတွင် စီတန်းရပ်နေကြ၏။ ကွပ်ပျစ်ပေါ်တွင် အခန့်သားခြေချိတ်ထိုင်နေသည့်ဓားပြဗိုလ်မှာတော့ ကုကုစံကို စိုက်ကြည့်လာသည်။

ကုကုစံသည်လည်း မျက်ဝန်းလေးများပြူးကျယ်လို့
ရင်တထိတ်ထိတ်ဖြစ်နေမိပြီး အသက်ရှင်နေသေးသည့် ဓားပြဗိုလ်ကြောင့် အံ့အားတသင့်ဖြစ်နေပါရဲ့။

ကိုလူဆိုးကို ဘယ်သူများ ကယ်လိုက်တာပါလိမ့်။
ကုကုစံ သိချင်စိတ်တွေပြင်းထန်နေမိသည်။ အဖေနှင့်အကိုတွေမှာတော့ နှုတ်ဆိတ်နေကြပြီး ဓားပြတွေနှင့် အကြည့်ချင်း စစ်ခင်းနေကြ၏။

"ကျုပ်ကိုမှတ်မိသေးတယ်မလား ကုကုစံ?"

မျက်ခုံးတဖက်ပင့်ပြရင်း ထိုလူက မပွင့်တပွင့်အပြုံးနှင့် ကုကုစံအနား ရောက်လာတော့သည်။

ကုကုစံ ထိုလူ့ကိုယ်အား အစုန်အဆန်ကြည့်ရင်း အံ့ဩခြင်းတွေအပြည့် မှင်တက်နေမိဆဲ။

"ကျုပ်အသက်ရှင်နေတော့ စိတ်မကောင်းဖြစ်သွားလား? ငါ့ကို ဒုက္ခပေးတဲ့သူ ပြန်ပေါ်လာပြီပဲဆိုတော့လေ"

"ဟင့် အင့်"

ခန့်မှန်းရခက်သောအကြည့်တွေနှင့် စိမ်းကားနေဟန်ခနဲ့တဲ့တဲ့ သူ့အပြောတွေကြောင့် ကုကုစံရင်ထဲ ဝမ်းနည်းမှုများ လှိုက်တက်လာရသည်။ ပါးပြင်ပေါ် မျက်ရည်ဥတွေကြွေဆင်းရင်း ရှိုက်ငိုမိတော့၏။

ဖြစ်နိုင်ရင် ထိုလူ့ရင်ခွင်ထဲမျက်နှာအပ်ပြီး စိတ်ကျေနပ်တဲ့အထိ ငိုပစ်လိုက်ချင်ပါသည်။

ကုကုစံ တကယ်ပဲ ထိုလူ့ကိုလွမ်းနေရခဲ့ကာ ချစ်နေမိခဲ့ပါပြီ။

"ဘာလို့ငိုတာလဲ? အရမ်းပဲစိတ်ညစ်သွားတာလား?
ဟုတ်လား ကုကုစံ"

"အိ ဟင့် အစ်"

ငိုအောင်လုပ်နေသည့် ဓားပြဗိုလ်ကြောင့် ကိုနန်းကျော်အနားတွင်ရှိနေသော ကြည်မင်းသည် ကုကုစံဘေးသ်ို့
ရောက်လာကာ ပခုံးလေးကိုဖက်လိုက်ပြီး ...

ဗိုလ်ဂျမ်းထယ်Where stories live. Discover now