ep27

6.8K 164 0
                                        


Unicode

ပန်းရောင် ကိုကိုအိမ်ကပြန်လာပြီးတဲ့နောက်ပိုင်း ကိုကိုကအရင်လိုသူ့ရှေ့ကိုပေါ်ပေါ်မလာတော့သလို သူငယ်ချင်းတွေကိုလဲမဆက်ခဲ့ မကြာခင်ပန်းရောင်တို့လဲစာမေးပွဲဖြေရတော့မယ်ဖြစ်ကာ ကျောင်းလဲပိတ်တော့မည်။ ဖြူဖြူလွင်ကတော့နေ့ရှိသ၍ ဘွဲ့ယူမဲ့အကြောင်း ဘွဲ့ယူတဲ့နေ့ကြရင် သူငယ်ချင်တွေနဲ့ဘယ်လိုပျော်မယ် ပုံတွေဘယ်လိုရိုက်မယ်ဆိုတာကို စိတ်ကူးယဉ်နေကာပြောလို့နေ့သည်။ ပန်းရောင်ဘွဲ့မယူဘူးတိုတာသိရင် သူပျော်နိုင်ပါ့မလား သူရဲ့ဆုံးဖျက်ချက်ကိုသိရင်ယော သူငယ်ချင်းတွေကသူ့ကိုစိတ်မြန်းဆိုးကြလေမလား ဒါပင်မဲ့ ပန်းရောင်ဒီဆုံးဖျက်ချက်ကသူတို့အပေါ်မချစ်လို့မခင်လို့မဟုက်ပဲ အရာအားလုံးဆီကသူရှောင်ပြေးချင်တာ အချိန်တစ်ခုရောက်ရင် ထောင်ကပြန်ထွက်လာမဲ့မာမီကြီးကိုသူရင်မဆိုင်ရဲသလို ပန်းရောင်နှလုံးသားကိုလဲမထိန်းချုပ်နိုင်မှာဆိုးလို့ အားလုံးနဲ့ဝေးရာကိုပန်းရောင်ရှောင်ပြေးဖို့ ဆုံးဖျက်ပြီးပြီဖြစ်သည်။

"ငါ့ကိုအဲ့စော် သက်သက်လုပ်သွားတာ ငါ့ရဲ့play boyဂုဏ်ကိုချနင်းသွားတာ အီး.....ဗြဲ "

"ရောင်ဝါထွန်း ဘာလို့အဲ့လောက်ငိုနေတာလဲ မင်းမရှက်ဘူးလား"

ညိုမင်းဆွေကဟန့်လိုက်တော့ ရောင်ဝါကမျက်စောင်းထိုးကာ အာဗြဲကြီးအော်နေရာမှ တိတ်သွားသည်။ ဝိုင်းရှိသူတွေက ရောင်ဝါဘာဖြစ်နေလဲသိပင်မဲ့ အခုမှရောက်လာကြသည့် ပန်းရောင်နဲ့ဇွဲကဘားမှမသိတော့ ဖြူဖြူလွင်ကိုလှမ်းမေးလိုက်၏

"ရောင်ဝါက ဘာဖြစ်တာလဲ"

"နင်တို့ရောက်လာလို့တော်သေးတာပေါ့ဟယ် ငါနဲ့ညိုမင်းဆွေ နားကွဲသေတော့မယ်"

"ဘာလို့လဲ"

ဖြူဖြူလွင်ရဲ့ခက်ရွဲ့ရွဲ့အပြောကိုမသိသလိုဇွဲကထက်မေးလိုက်တော့

"ဒီလိုဟ...သူ့အခုတွဲနေတဲ့IRကဂျူနီယာလေးက သူ့ကိုအရင်ဖျက်သွားလို့တဲ့ဟယ် အဲ့ဒါကိုတစ်မနက်လုံးထို်အော်နေတာ မထွက်တဲ့မျက်ရည်ကိုလဲ အတင်းညှစ်ထုပ်နေတာ စောက်မြင့်ကပ်စရာ"

Poisonous flower(completed )Where stories live. Discover now