Part-32(Unicode + Zawgyi)

Start from the beginning
                                        

"ဟင်...ဒါ..ဒါဆို..ဟင့်......."

ခွန်းဆက်မပြောနိုင်တော့ပါ။ ခေတ်ကခွန်းကိုထားသွားမယ်ဆိုတာနှင့်ပင် ခွန်းမှာနေစရာမရှိတော့အောင် စိုးရိမ်ကာ ကြောက်ရွံ့နေရသည်။ ခေတ်မရှိလျှင် ခွန်းသေမှာ...။ အဲ့ခါကျရင်ခွန်းရဲ့ကလေးလေး....။

"ဟင့်အင်း ခေတ်..ခေတ်ခွန်းကို ထားခဲ့ရင် ခွန်း..ခွန်း ခွန်းကိုယ့်ကိုယ်ကိုယ်သတ်သေပစ်မှာ..အဲ့ခါကျရင်..ခွန်းနဲ့ခေတ်ရဲ့.."

"ခွန်းနဲ့ခေတ်ရဲ့ ဘာဖြစ်လဲ? ဆက်ပြောလေ..ကြိုးငယ်"

ခွန်းနှောင်ကြိုး ကိုယ်ဘာပြောလိုက်သလဲဆိုတာကို ပြန်သတိထားမိသွားကာ ဈာန်မင်းတခေတ်ကိုမျက်ရည်အရွှဲသားဖြင့်ကြည့်၍ မျက်ရည်များကိုသုတ်လိုက်သည်။ ဈာန်မင်းတခေတ်ကတော့ ခွန်းနှောင်ကြိုး၏ လက်လေးအား ပွတ်သပ်နေကာ အပြုံးမမည်သောအပြုံးကိုပြုံး၍ ခွန်းနှောင်ကြိုး၏စကားတိုင်းကို လေပြည်အေးနှင့်သာတုန့်ပြန်နေလေသည်။

"ခွန်း...ခွန်း ပင်ပန်းတယ် ခေတ်.."

"နားချင်ပြီလား ကြိုးငယ်"

"အွန်း နား..နားချင်ပြီ"

"အင်း...ဒါဆို ဆန်ပြုတ်လေးသောက်ပြီး ဆေးသောက်လိုက် ပြီးရင်နားလို့ရပြီ ဟုတ်ပြီလား?"

"အွန်း" ဟုသာခွန်းနှောင်ကြိုးခေါင်းညိတ်ကာပြန်ပြောလိုက်သည်။

ခွန်း ခေတ်၏မျက်နှာအခြေအနေကိုကြည့်လိုက်သည်။ အရင်ကဆို အခုလိုထိမနူးညံ့၊ သူသိချင်တာကို ရအောင်လည်းမေးတတ်သည်။ ယခုတော့မဟုတ်။ ခွန်းမဖြေချင်တာကိုလည်း ဇွတ်မမေးပေ။ ခွန်းကိုဂရုအရမ်းစိုက်နေသလိုခံစားနေရသည်။ ခွန်းပျော်မိပါသည်။ ခေတ်၏ဂရုစိုက်မှုကိုခံရတာဟာ ခွန်းအတွက်ပျော်ရွှင်စရာပါပဲ။

ခေတ်၏ နှုတ်ခမ်းဖျားက 'ကိုယ့်ကြိုးငယ်' ဟုခေါ်လိုက်တိုင်း ကိုယ်ဟာ သူ့အပိုင်လိုမျိုးခံစားရသည်။ အင်းအခုဆို ခေတ်ကခွန်းကို အရင်လို စိမ်းစိမ်းကားကားကြီးတော့မဟုတ်တော့ပေ။ ဒါဟာကလေးလေးရောက်လာလို့များလား။ ခေတ်နဲ့ခွန်းတို့၏ ကလေးလေးဟာ ကံကောင်းခြင်းတွေကိုခေါ်ဆောင်လာပေးမဲ့ ကလေးလေးများလား။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now