ep26

2.9K 110 1
                                    

"ဇွဲကို ပန်းရောင် မချစ်ဘူး "

"ဘာလို့လဲ ပန်းရောင်လဲကျွန်တော်ပေါ်ခံစားချက်ရှိနေတာမဟုက်ဘူးလား"

ပန်းရောင်နဲ့ဇွဲဟာ သူငယ်ချင်းဖြစ်တာမကြာသေးပင်မဲ့ အရမ်းကိုခင်မင်ခဲ့ကြပါတယ်။ ဇွဲကပန်းရောင်ဘယ်သွားသွားတစ်ကောက်ကောက်လိုက်နေတာကြောင့် မေဂျာကလူတွေကတောင် ဇွဲကICဆောင်ပြောင်းလာခဲ့ပါလားလို့စနေကြတယ်။ ပန်းရောင်လဲဇွဲကိုခင်ပါတယ် ဘဝကိုပျော်ပျော်နေပြီး ဘေးကလူတွေကိုပါပျော်အောင်အမြဲဖန်တီးပေးတက်သူပါ။ ဇွဲကပန်းရောင်နားအရမ်းကပ်လွန်းလို့ တစ်ချို့ကအတွဲတွေလို့တောင် ကွယ်ရာအတင်းပြောကြသေး ဘူမိကကောင်မလေးတွေဆို ပန်းရောင်ကိုအမြင်မကြည်တောင်ဖြစ်တယ်။ ဇွဲကရုပ်ရည်ပိုင်းလဲပြောစရာမလိုအောင် ကြည့်ကောင်းပြီး စိတ်ထားလေးကလဲတဂယ်ကောင်းလို့ ခင်တာနောက်ကျလို့တောင် စိတ်မကောင်းဖြစ်ရတယ်။

ဒီနေ့ကျောင်းပိတ်ရက်မို့ အခန်းထဲကုတ်နေတဲ့ ပန်းရောင်ကို ဇွဲကပြောစရာရှိလို့ အောက်ဆင်းခဲ့ပါဆိုလို့ ဆင်းသွားလိုက်တော့ အဝတ်စားသားသားနားနားနဲ့ဇွဲက အရင်နေ့ကထက်ပိုကြည့်ကောင်းနေတယ်။

"ဇွဲ ဘယ်ကပြန်လာတာလဲ ဒီနေ့အရမ်းကြည့်ကောင်းနေတယ်"

"ဘယ်ကမှပြန်မလာပါဘူး ပန်းရောင်ဆီကိုပဲလာတာ"

"ဒါဆိုလဲ အပေါ်တက်ခဲ့ယောပေါ့ ပြောစရာရှိတယ်ဆိုတာကယော"

"ပန်ယရောင်....."

"ဟင်....."ရုတ်တရက်ကြီး ဇွဲကပန်းရောင်ကိုဖက်လာတာမို့ ပန်းရောင်မှာ ကြောင်တောင်တောင်လေးဖြစ်နေမိတယ်။

"ဇွဲ လွှတ်ပါအုံး ဘာလို့ပန်းရောင်ကိုဖက်ထားရတာလဲ"

"ချစ်တယ်....ကျွန်တော် ပန်းရောင်ကိုချစ်တယ်"

ပန်းရောင်ဇွဲလက်များကိုဖယ်နေရင်း မေးလိုက်ပင်မဲ့ ဇွဲအဖြေစကားကြောင့် တွန်းဖယ်နေသောလက်များမှာ ရပ်တန့်သွားမိတော့တယ်။

"ဇွဲ ဖယ်ပေးပါ.....ပန်းရောင်မကြိုက်ဘူး"ဟု သူပြောတော့မှဇွဲက သူ့ခန္တာကိုယ်ကိုလွှတ်ပေးသည်။

Poisonous flower(completed )Where stories live. Discover now