[Unicode]
ညအမှောင်က တစ်စတစ်စ ပို၍ ကြီးစိုးလာကာ သန်းခေါင်ယံချိန်သို့ပင် ရောက်နေပြီဖြစ်သည်။
Survielတိုင်းပြည်တစ်ခုလုံး တိတ်ဆိတ်နေကာ အစောင့်တွေမှလွဲ၍ လူသွားလူလာပင်မရှိ။
လူတိုင်း အိပ်စက်အနားယူနေကြချိန် ကုန်သည်Kimရဲ့ အိမ်တော်တွင်တော့...
"ထယ်ယောင်းရာ လုပ်ပါ ငါ့ကိုကူညီပေးပါနော်"
Kimအိမ်တော်တွင် သခင်လေးနှစ်ယောက်ရှိကာ အမွှာလေးတွေဖြစ်ကြပြီး ရုပ်ချင်းကလည်း ခွဲမရအောင်တူကြသည်။
"ငါမလုပ်ချင်ဘူး... တကယ်လို့အမေသိသွားရင် ဘယ်လိုလုပ်မလဲ"
သို့ပေမယ့် ကုန်သည်Kimက ဇနီးနှင့်ကွဲနေတာဖြစ်ပြီး အမွှာသားလေးနှစ်ယောက်ထဲမှာ အကြီးဖြစ်သော Alvina Idrisက အမေဖြစ်သူ၏မျိုးရိုးကိုယူကာ Orvilleမှာ နေထိုင်၍ သားငယ်Kim Taehyungကတော့ ကုန်သည်Kimနှင့်အတူ Survielမှာ နေထိုင်လေသည်။
"ကူညီပါလို့ နော်... ငါတကယ် သင်္ဘောနှင့်ခရီးမသွားဖူးသေးလို့ လိုက်သွားကြည့်ချင်လို့ပါ ငါးလ ခြောက်လလောက်ပဲလေ နော် နော် နော်..."
Alviက အဖေနှင့်အတူ ကုန်သင်္ဘောနှင့် ခရီးလိုက်ချင်တာမလို့ Taehyungကို သူ့အစား Orvilleမှာ နေပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။
"မင်းလည်း အမေနှင့်မတွေ့ရတာ ၄နှစ်လောက်ရှိပြီမလား ခဏလောက်အလည်သွားတယ်လို့ သတ်မှတ်လိုက်လေ နော်..."
Alvinaမှာ အာပေါက်မတက်နားချနေသော်လည်း Taehyungမှာ အင်းမလုပ် အဲမလုပ်...
တစ်ခုခုကို အကြောင်းပြပြီး ငြင်းဖို့သာပြင်နေလေသည်။
"အိမ်ရှေ့စံက အကျင့်ပုတ်ပြီး အနိုင်ကျင့်တယ်ဆို သူနှင့်တွေ့ရင်ရော ဘယ်လိုလုပ်ရမှာလဲ"
တိုင်နှင့်ခေါင်းနှင့်သာပြေးစောင့်လိုက်ချင်တော့သည်။ အိမ်ရှေ့စံအကြောင်း မကောင်းပြောထားသမျှ အခုမှ ခံရတော့သည်။
"တောင်းပန်ပါတယ် Kim Taehyungရယ်။ ကျေးဇူးပြုပြီး ငါးလလောက်ပဲ Orvilleမှာ သွားနေပေးဖို့ တောင်းဆိုတာပါ။ တစ်ခါလောက်ပဲ သင်္ဘောနှင့် ခရီးထွက်ဖူးချင်လို့ပါ။"
YOU ARE READING
𝐀𝐬𝐡𝐞𝐫: 𝒀𝑜𝒖 𝐴𝒓𝑒 𝑴𝑦 𝐻𝒂𝑝𝑝𝒊𝑛𝒆𝑠𝒔
FanfictionJJK X KTH Start date: 10.04.2024 End date: ...
