ep24

3K 114 2
                                    

ပတ်ဝန်းကျင်တစ်ခုလုံးကမဲမှောင်နေပြီး ဘာဆိုဘာမှမမြင်ရသောနေရာတစ်ခုအား ပန်းရောင်ရောက်ရှိနေတာဖြစ်၏ ခြေလှမ်းလှမ်းဖို့တောင်တွန့်စုပ်နေကာ ဘေးဘက်တွေကိုစမ်းကြည့်တော့လဲလေဟာနယ်လိုပင် ခြေထောက်ဖြင့်အောက်ကိုစမ်းကြည့်ကာ တဖြေးဖြေးတိုးသွားရင်း တစ်စုံတစ်ခုအား တိုက်မိကာ လဲကျသွားခဲ့သည်။

"အူဝဲ.....အူဝဲ.....အူဝဲ"

"အူဝဲ.....အူဝဲ.....အူဝဲ"

ကလေးတစ်ယောက်ရဲ့ငိုသံဟာ ကျယ်လောင်စွာထွက်ပေါ်လာ၏ ထိုကလေးအသံကြောင့် ပန်းရောင်ရင်ဘက်တွေတင်းကျပ်လာကာ သူပါအလိုလို လိုက်ငိုနေမိတယ်။

သူမာမီကြီးကြောင့်လှေကားပေါ်က ပြုတ်ကျခဲ့တာသူမှက်မိတယ် သူနောက်ဆုံးကြားခဲ့တာက သူဗိုက်ထဲမှာကလေးလေး ရှိတယ်လို့ပြောသံကိုပင်။ ဒါဆိုသူ့ကလေးလေးငိုနေတာလား ဘယ်မှာလဲ အခုသူ့ကလေးလေးက ဘယ်မှာလဲ။

"ကလေးလေး.....ပါးပါးကလေးလေး......"

"အူဝဲ......အူဝဲ.....အူဝဲ"

"မငိုနဲ့......ပါးပါးတောင်းပန်ပါတယ်......"

"အူဝဲ......အူဝဲ......အူဝဲ"

အဆက်မပျက်ကလေးငိုသံတို့က ပိုပိုကျယ်ပျံလာကာ ပန်းရောင်အရှေ့သို့အလင်းရောင်လေးကျ​ရောက်လာပြီး အနှီးဖြူလေးနဲ့ကလေးလေးဟာ သူ့ကိုကြည့်နေတယ်။ ထိုကလေးလေးအနားသို့ပန်းရောင်သွားမည်အပြု ကလေးလေးကိုလူတစ်ယောက်ကခေါ်သွားလေသည်။

"ပန်းရောင် ကလေးလေးကိုခေါ်မသွားပါနဲ့"

"ဟင့်....ပြန်ပေးပါ....ကလေးလေးကိုပြန်ပေးပါ"

"ခေါ်မသွားကြပါနဲ့....ဟင့်....ပန်းရောင်ကိုပြန်ပေးပါ"

လှုတ်ရှားသွားသော လက်ချောင်းလေးတွေကြောင့် စုပ်ကိုင်ထားတဲ့ ရဲသွေးထွဋ် သတိထားမိလိုက်ကာ ပန်းရောင်ကိုသေချာကြည့်လိုက်မိတော့ မှိတ်ထားသောမျက်ဝန်းမှ မျက်ရည်များစီးကျနေသည်။

ခွဲစိတ်ခန်းထဲကထွက်လာပြီးထဲက ပန်းရောင်သတိမရသေးတာ သုံးရက်တောင်ရှိပြီ။ ဆေးရုံကုတင်ပေါ်လှဲနေသော ပန်းရောင်ဟာ အရင်ကထက်တောင်ပို၍ပင် ပန်သွားသလိုပင် မျက်နှာလေးဟာလဲတော်တော်လေးချောင်ကျနေ၏ ခန္တာကိုယ်မှာလဲ အညိုမဲကွက်များကို ရေပက်တိုက်ပေးရင်းတွေ့ခဲ့ရတာမို့ ကလေးငယ် ဘယ်လောက်တောင် ခံစားနေရမလဲ။

Poisonous flower(completed )Where stories live. Discover now