ep22

2.8K 109 2
                                    

ခြံထဲမှကားဟာအပြင်ကိုအရောက် သူတို့နောက်ကိုပြေးလိုက်လာသော ကောင်မလေးတစ်ယောက်ကြောင့်အိမ်နဲခက်လှမ်းလှမ်းတွင်ကားကိုရပ်လိုက်ပြီး ကားပေါ်မှဆင်းကာ ကောင်မလေးကိုရေတိုက်ကာ အမောဖြေခိုင်းလိုက်သည်။

တော်တော်မောနေတဲ့ကောင်မလေးက ရေကိုဖြေးဖြေးချင်းသောက်ကာ ခနအမောဖြေရင်း အမောပြေပြီဆိုမှသူတို့အမေးစကားဆို၏

"ဘာလို့ပြေးလိုက်လာတာလဲ ညမလေး"

"အကိုလေးပန်းရောင်ရဲ့ သူငယ်ချင်းတွေလို့ကြားတာကြောင့် လိုကလာတာပါ အကိုလေးကိုကယ်ပေးပါအုန်းရှင်"

"ပန်းရောင်ဘာဖြစ်လို့လဲ ညမလေးအမတို့ကိုသေချာရှင်းပြပါအုန်း"

ကောင်မလေးက ပြသနာစဖြစ်တဲ့နေ့ကနေစလို့ဆေးရုံကနေအိမ်ပြန်ခေါ်လာတဲ့အထိအကြောင်းများကို တစ်ခုမကျန်အကုန်ပြောပြလိုက်သည်။ကိုယ်ဝန်ကိစ္စကိုတေ့ ကြီးမြကဘယ်သူမှမပြောဖို့မှာထားလို့ သုသုမပြောပြမိလိုက်။

"တော်တော် ရက်စက်တဲ့မိန်းမပဲ ငါသွားသက်မယ်"

"ရောင်ဝါထွန်း စိတ်ကိုလျော့အုန်း သူကအုပ်ထိန်းသူလေ ငါတို့ဘာလုပ်လို့ရမှာလဲ ငါတို့အကိုရဲသွေးကိုအရင်ပြောပြရအောင်"

"မြန်မြန်ကယ်ပေးပါအမရယ် အကိုလေးကိုလာခေါ်ကြတော့မှာ"

"ဘာ!....ဘယ်လို......ဘယ်သူတွေကလာခေါ်မှာလဲ"

"မာမီကြီး ဖုန်းပြောနေတာ သုသု ခိုးနားထောင်ရင်းကြားတာပါ အကိုလေးကို မနက်ဖြန်ကြလာခေါ်အဆင်သင့်ပြင်ထားမယ်လို့လဲ ပြောသံကြားတယ်....ဟင့်"

ကောင်မလေးဟာ ပြောနေရင်းမျက်ရည်တွေကျလာတာကြောင့်သူတို့ဘာလုပ်ရမှန်းမသိ အကိုရဲသွေးကိုဒီကိစ္စပြောမှရမယ်

"မနက်ဖြန်ဘယ်ချိန်လဲ ညမလေး အမတို့အမှီလာခဲ့မယ်​နော် ပန်းရောင်ကိုဘယ်သူမှခေါ်သွားလို့မရအောင်တားပေးမယ်နော်"

"ဟင့်....အကိုလေးကိုကယ်ပေးပါ သူတို့ကလူကောင်းတွေမဟုက်ဘူး အကိုလေးတစ်ခုခုဖြစ်မှာဆိုးလို့ပါ အီး....ဟင့်"

"ဟုက်ပြီနော် အမတို့မနက်ဖြန်ရောက်အောင်လာခဲ့မယ် ရော့ဒီဖုန်းလေးယူသွား ဒီဖုန်းနံပါတ်လေးကို သူတို့ရောက်ပြီဆိုတာနဲ့ ဒါလေးကိုနှိပ်လိုက် အမပြထားတာသိလား"

Poisonous flower(completed )Where stories live. Discover now