ep21

2.8K 102 0
                                    

"Hello....ဒေါ်သူဇာမောင်ပြောနေပါတယ်"

"အိုး....ကိုမျိုးနိုင်ပဲ ကျွန်မပြောထားတဲ့ကိစ္စလား...အဟက်....အဆင်သင့်ပါပဲ အရုပ်ကလေးကို အပိုင်ပေးမှာပေါ့"

"ရတယ်လေ.....လူကြားကောင်းအောင်တော့နည်းနည်းပါးပါးလုပ်ရမှာပေါ့ရှင် ပြီးမှရှင်တို့စိတ်ကြိုက်ပေါ့ ဟင်း....ဟင်း"

"ဒါဆိုလဲ လာမဲ့Sundayလာခဲ့ကြလေ တစ်ခါထဲခေါ်သွားလို့ရအောင်အဆင်သင့်လုပ်ထားပေးမယ်"

"ကျွန်မကိုယုံကြည်လိုက်ပါ သူဇာမောင်တွက် မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး.....ဟင်း....ဟင်း"

ဒေါ်သူဇာမောင် ဧည့်ခန်းထဲခြေကိုချိတ်ကာ တစ်ဖက်ကဖုန်းကိုပြော လက်တစ်ဖက်ကဆေးလိပ်ကိုဖွာကာ ကောက်ကျစ်သောအပြုံးများနဲ့ အဟင်း...ဟင်း လုပ်ကာမရယ်ရင်တာကိုဖြစ်ညှစ်ရယ်နေသည်။သူမ မသိလိုက်တာက သူ့ပြောနေသော စကားများကိုတံခါးအကွယ်ကနေ နားထောင်နေသော အရိပ်တစ်ခုရှိနေတယ်ဆိုတာကို သတိမထားမိပါ။

တစ်ဖက်တွင် ရဲသွေးထွဋ် အဆက်သွယ်မရသော ချစ်ရသူကြောင့် ရင်မှာအပူမီးများတောက်လောင်နေ၏ ဘယ်လို့မှ သူ့ကလေးငယ်ကြောင်းကိုစုံစမ်းလို့မရတာကို မသင်ကာဖြစ်မိပင်မဲ့ သူဘာတွေဆက်လုပ်ရမှာလဲ အခုဆိုကလေးငယ်ကိုဆက်သွယ်မရ 4ရက်တောင်ရှိပြီလေ။

ကလေးငယ်သူငယ်ချင်းမလေး ဖြူဖြူလွင်က ထိုင်းနိုင်ငံရောက်နေတာ တစ်ပက်လောက်ရှိပြီတဲ့လေ ကျန်တဲ့သူငယ်ချင်းများကလဲ ကူပြီးစုံစမ်းပေးကြပင်မဲ့ ယောကျာ်းလေးများဖြစ်တာမို့ အိမ်ထိလိုက်သွားဖို့ကြ အဆင်မပြေမှာဆိုးလို့ ဖူဖြူလွင်က သူလာမှအိမ်လိုက်သွားဖို့စီစဉ်မယ်ဆိုတာကြောင့် သူပြန်အလာကိုစောင့်နေကြချင်းဖြစ်ကာ သူလဲမနက်ဖြန်ဆိုရောက်တော့မှာပါ။ တစ်ရက်ပဲအားတင်းထားပါ ရဲသွေးထွဋ် ရာတစ်ရက်ထဲပါပဲ။

စိတ်ညစ်ညစ်နဲ့အိမ်ပြန်လာရင်း အိမ်ထဲဝင်ဝင်ချင်းတွေ့လို့ရတဲ့ဖြစ်ရက်ကြောင့် သူဒေါသမထိန်းနိုင်ဖြစ်သွားကာ..

"သုတ!.....မင်းနဲ့မဆိုင်ရင်မကိုင်ဖို့ပြောထားတယ်လေ"

"ဟင်....ကိုထွဋ် ကျွန်တော်သန့်ရှင်းရေးလုပ်ရင်း ခနကိုင်ကြည့်တာပါ"

Poisonous flower(completed )Where stories live. Discover now