Part-29(Unicode + Zawgyi)

Start from the beginning
                                        

"အင်း"

ဈာန်မင်းတခေတ်ကတော့ သူ့ပုံစံအတိုင်း 'အင်း' ဟုသာပြန်ပြောသည်။ ခွန်းနှောင်ကြိုးလဲ ကော်ဖီခွက်လေးကိုချပေးကာ ကုတင်ပေါ်တက်၍လှဲနေလိုက်သည်။

စောင်ပါးလေးကိုခြုံထားပြီး လက်ကဗိုက်လေးပေါ်သို့တင်ထားကာ ဗိုက်လေးအားပွတ်နေလိုက်သည်။

ည8နာရီလောက်တွင် ဈာန်မင်းတခေတ် MacBookကိုပိတ်ကာ ကုတင်ပေါ်သို့တက်လိုက်သည်။ ပြီး‌နောက် ခွန်းနှောင်ကြိုး၏ ခါးလေးကိုနောက်မှဖက်ကာ တဖြည်းဖြည်းအောက်သို့လျှောသွားလေသည်။

ခွန်း သူ့အားဖက်လာသောလက်ကိုအစကတော့ ရိုးရိုးပဲထင်၍ မဖယ်မိ။ နောက်မှ ဘယ်အခြေနေကိုသွားမယ်မှန်းသိသွားသောကြောင့် အောက်သို့ရောက်တော့မည့်လက်ကို လှမ်းကိုင်ကာ ရုန်းလိုက်သည်။

"ခေတ်..ခွန်း...ခွန်း.. ဒီနေ့ပင်ပန်းနေလို့..၊ နောက်..နောက်မှပဲ နေရအောင်..နော်၊ မနက်ကလည်းအတူနေထားတာမလား"

ပြောကာ ခွန်း ခေတ်ဘက်သို့လှည့်လိုက်သည်။ ထို့နောက်ခေတ် ဘာပြောမလဲ အခြေနေကိုစောင့်ကြည့်နေသည်။ ခွန်း ခေတ်နှင့်လက်ထပ်ပြီးကတည်းက အတူနေစဉ်တစ်လျှောက်လုံး တစ်ခါမှ ခေတ်စကားကိုမငြင်းပယ်ခဲ့။ ခေတ်အတူနေချင်ပြီဆို ခွန်းအလိုက်သိစွာ လက်ခံပေးခဲ့သည်။ ခွန်းကိုယ်တိုင်ကလည်း နေချင်ခဲ့သည်ကိုး။ ယခုတော့မတူတော့ပေ။ ခွန်းမှာ ခေတ်ရဲ့ရင်သွေးလေးရှိနေပြီ။ ခေတ်ကို ဘယ်လိုပြောရမှန်းမသိပေမဲ့ ခွန်းပြောတော့ပြောမှာပင်။ ကိုသန့်ဇေပြောသွားတာလဲရှိသေးသည်။ လနုတုန်း သွေးသားမနှီးနှောပါနဲ့တဲ့။

ခွန်းရင်သွေးလေး တစ်ခုခုဖြစ်သွားမှာကြောက်ပါသည်။ ထို့ကြောင့် ခွန်းယခု ခေတ်ကိုငြင်းရမည်။ ခေတ်စိတ်ဆိုးလဲမတတ်နိုင်။ နောက်မှပြန်ချော့ရမှာပဲ။

"နေ့လယ်ကလည်း ကျွန်တော်အရမ်းမကြမ်းမိပါဘူး။ ပြီးတော့ခင်ဗျားက တစ်ချိန်လုံးအိပ်လိုက်စားလိုက်နဲ့ အပြင်ထွက်တာဆိုလို့လဲ မနက်ကမင်္ဂလာဆောင်ပဲ သွားတာမဟုတ်ဘူးလား?"

ဈာန်မင်းတခေတ် တမင်ပြောလိုက်တာဖြစ်သည်။ သူကိုယ်တိုင်လည်း သွေး‌သားမနှီးနှောချင်ပါ။ သို့သော်သူသိချင်သည့်ကိစ္စရှိသည်မလား။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now