"အာ့..တ..တကယ်လားဟင်....တကယ်..တကယ်ကြီးခွန်းမှာ...ခွန်းမှာ.."

"အားး ငါ့ဦးလေးဖြစ်တော့မယ်ကွ!! ခွန်းးးဝမ်းသာလိုက်တာ ငါဦးလေးဖြစ်တော့မယ်!"

ခွန်းမျက်ရည်များနှင့်နာကျင်နေသည့်ကြားမှမယုံနိုင်စွာစကားပြောလိုက်သည်။ သို့သော်ခွန်းစကားပင်အဆုံးထိမရောက်သေး ပိုင်ကဖြတ်ပြောသွားလေသည်။

"ဟုတ်တယ် ပိုင် မင်းဦးလေးဖြစ်တော့မယ်..ငါ...ငါက..ငါကအဖေတစ်ယောက်ဖြစ်တော့မှာ..."

သန့်ဇေ ခွန်းနှောင်ကြိုးတစ်ဖက်သို့အာရုံရောက်နေသည်ကိုအသုံးချကာ ဆေးတစ်လုံးထိုးပေးလိုက်သည်။

"အာ့.."

ဆေးထိုးပြီးမှခွန်းသိလိုက်ရသည်။

"ကျွန်တော်ဆေးတစ်လုံးထိုးပေးထားတယ်။ ဗိုက်အောင့်တာမကြာခင်သက်သာလာမှာပါ။ ကိုခွန်းနှောင်ကြိုး မနေ့ကရယ် ဒီနေ့ရယ်မှာဘာတွေများမတည့်စားမိသေးလဲ? ဒါမှမဟုတ်ဆေးတစ်ခုခု‌များသောက်မိသေးလား? စောနကကိုခွန်းနှောင်ကြိုးရဲ့အခြေအ‌နေက အခန့်မသင့်ရင်ကိုယ်ဝန်ကိုထိခိုက်စေနိုင်တယ်.."

သန့်ဇေ၏အပြောကိုကြားသောအခါ ခွန်းနှောင်ကြိုးကောထွန်းတောက်ပါ ထိတ်လန့်သွားသည်။ သူတို့အမှားကြီးတစ်ခုကိုလုပ်မိတော့မှာမလား။

ခွန်းနှောင်ကြိုးကလည်း သူ့ကလေးကို သူကိုယ်တိုင်သတ်မိတော့မလို့ပင်။ ထွန်းတောက်ကလည်း သူ့တူလေးသို့မဟုတ် တူမလေးကို သတ်မိတော့မလိုဖြစ်သွားသည်။ သန့်ဇေ၏စကားကိုကြားပြီးသည်နှင့်နှစ်ယောက်စလုံးတိတ်ဆိတ်ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်နေလေသည်။

သန့်ဇေကဆေးတစ်လုံးထိုးပေးထားသည်မို့ ခွန်း‌နှောင်ကြိုးလည်းတဖြည်းဖြည်းသက်သာလာသည်။ ဗိုက်အောင့်နေပေမဲ့ တအားကြီးမဟုတ်တော့။

"ဟို...ဟို..မနက်က ခွန်းအရမ်းအန်နေလို့ အအန်ပျောက်ဆေး ငါဝယ်တိုက်လိုက်မိတယ်.."

"ဟာ.."

"ပြီးတော့ စောနကခွန်းပြန်အန်လာပြန်တော့ တစ်လုံးသောက်လိုက်မိသေးတယ် ကိုသန့်ဇေ.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Место, где живут истории. Откройте их для себя