ep16

3.5K 113 0
                                    

ရေချိုးရင်းသူ့အတွေးထဲ ခုနကအကင်ဆိုင်ကအကြောင်းကပြန်ပြန်ပေါ်လာတယ်။သူဘာဖြစ်နေတာ ဒီလိုဒေါသထွက်ရအောင်လဲ ညိုမင်းဆွေနဲ့သူကဘာမို့လို့လဲ အဲ့ကောင်ကယောဘာလို့စကားတွေဖောင်ဖွဲ့ပြောနေရတာလဲ..

"တောက်....စောက်ရေးမပါလိုက်တာ"

ခေါင်းတွေရှုတ်နေတာနဲ့ယောညှော်နံ့တွေဆွဲနေတာကြောင့်ခေါင်းပါလျှော်ချလိုက်တယ်။အပြင်ထွက်လာရင် ပွစိပွစိအလုပ်ခံရတော့မယ် ဆိုတာကြိုတွေးထားပီးသား။သဘက်ကိုခါးမှာပက်ကာ ခေါင်းကိုရေစင်အောင်ခါပြီးထွက်လာတော့....

"ခေါင်လျှော်လာမယ်ဆိုတာ ထင်ပီးသား လာငါသုတ်ပေးမယ်"

"ရတယ် ငါ့ဟာငါသုတ်မယ်"

"ရောင်ဝါ မဟုက်တာကိုရစ်မနေနဲ့ကွာ ငါ့ကိုဘာမကျေနပ်တာလဲပြော "

"ဘာလဲ ငါဘာရစ်နေလို့လဲ "

ဘားမှတောင်မပြောရသေးဘူး မျက်ရည်လက်နပ်ကထုတ်သုံးချင်နေပြီ။ထက်မေးထက်ပြောရင်ငိုတော့မှာသေချာတယ် အဆင်သင့်ကိုင်ထားတဲ့သဘက်နဲ့ခေါင်းကိုသာသေချာသုတ်ပေးရင်း ဖြူဖွေးနေသောအသားရေမှာရေစပ်များတွဲခိုနေတာဟာ ဘယ်ပန်ချီရေးလိုမှီနိုင်ပမလဲ မျက်နှာကသူများနဲ့မတူပဲ ဝိုင်းဝိုင်းလေးနဲ့အရပ်ကလဲသူနဲ့မတိန်းမရိမ်း မျက်ခုံးများကသူတို့လိုမထူပင်မဲ့ ဖြောင့်ဖြောင့်တန်းတန်းလေး သေချာကြည့်နေရင်းမှညိုမင်းဆွေ တံတွေးမြိုချမိလို်က်ရင်း သဘက်ကိုခေါင်းပေါ်တင်ခဲ့ရင်း...

"ငါ...ငါလဲရေသွားချိုးတော့မယ်"

ရေချိုးခန်းထဲအမြန်ပြေးဝင်ကာတံခါးကိုမှီရင်း ခုန်နေတဲ့ရင်အစုံကိုလက်နဲ့ဖိထားလိုက်ကာ သက်ပြင်းတွေအကြိမ်ကြိမ်ချမိတော့တယ်။သူရေချိုးပြီးပြန်ထွက်လာတော့ ရောင်ဝါကအိင်္ကျီတောင်ဝတ်ပီးနေပီ ကုတင်ခြေရင်းမှာ ခေါင်းအုန်းနဲ့စောင်ကိုပိုက်ကာသူ့ကိုရပ်စောင့်နေတယ်ခင်ပါရဲ့ဘာလုပ်အုန်းမလဲမသိဘူး။ညိုမင်းဆွေလဲ တီရှပ်တစ်ထည်ကောက်စွတ်လိုက်ကာ..

"ရောင်ဝါ ဘာလုပ်ဖို့လဲ အပြင်ထွက်အိပ်မယ်လို့တော့ငါ့ကိုမပြောနဲ့နော်"

Poisonous flower(completed )Where stories live. Discover now