ep15

4K 129 0
                                    

"ရောင်ဝါ မပြီးသေးဘူးလား ဘာတွေဒီလောက်ပြင်နေတာလဲ ဟိုရောက်ရင်ညှော်နံတွေဆွဲမှာပဲဟာကို"

" မင်းကလဲ ငါကစော်ကြည်ဘဲလေကွာ စော်လေးတွေကြွေအောင်တော့ ရွှိုင်းရတာပေါ့"

"အွင်း ပြီးရင်သွားမယ်"

အခန်းထဲကထွက်လာသော ရောင်ဝါမှာ ဂျင်းဘောင်ဘီအပြာကို အပေါ်ကတီရှပ်ဖြူနဲ့တွဲဝတ်ကာ အပေါ်ထပ်အကွက်အနီနဲ့ လိုက်ဖက်အောင်ဝတ်ထားသည်မှာ သူပြောတဲ့စော်ကြည်ဘဲအထာ ဒါပင်မဲ့ညိုမင်းဆွေအမြင်မှာတော့ ကလေးငယ်သာသာပဲ။

"အဲ....အဲ....ငါစောက်ရမ်းချောနေတယ်မှက်လား မင်းတောင်မျက်စိမလွှဲနိုင်ဘူး ကြွေသွားတာလား ငါကboyတွေကိုမကြိုက်ဘူးနော်"

"ဆုတောင်း လာသွားမယ်"

တစ်ချို့စကားတွေကပြောမပြတက်အောင်နာကျင်ရတယ်။

အိမ်ပေါ်ကဆင်းလာတဲ့သူဌေးသားလေးက သူ့အချစ်တော်ကားလေးကိုပါတစ်ခါထဲခေါ်လာတာကြောင့် အသွားအလာတော့အခက်ခဲမရှိပေ။ကားစဝယ်ထဲက ကားမောင်းရမှာပျင်းတယ်ဆိုပြီး ညိုမင်းဆွေကိုမောင်းခိုင်းလေ့ရှိသည်။ရောင်ဝါကားမောင်းတဲ့တစ်ချိန်ရှိတယ် အဲ့ဒါစော်နဲ့သွားတွေ့ရင် ဆရားကြီးအထာနဲ့သူ့ဘာသူတော့မောင်းတယ်။လူတွေမြန်းနိုင်လို့ရတဲ့သူဆို သိပ်နိုင်တာပဲ။

"မင်းဘယ်ဆိုင် စားမှာလဲ"

"မင်းအရင်နေခဲ့တဲ့ နေရာနားမှာလေ ငါတို့ပထမဆုံးစားတဲ့ဆိုင် အဲ့ဆိုင်မှာစားမယ်"

"အဲ့တုန်းက မင်းပဲ အဲ့ဆိုင်က အရမ်းညှော်နံရတယ်ဆို"

"မသိဘူး မသိဘူး အဲ့ဆိုင်ပဲသွားမယ်"

"ပီးယော ပိုရောက်မှမရစ်နဲ့"

ရောင်ဝါမျက်စောင်းထိုးကာ မှန်ဘက်သို့လှည့်လိုက်သည်။ဒီကောင်တဂယ်လက်ပေါက်ခက်တဲ့အကောင် ရုပ်ကအမြဲတည်ပြီး အရယ်အပြုံးကမရှိ အဲ့ကောင်ကဘာမို့လို့တီရှပ်တစ်ထည်ထဲနဲ့လဲကြည့်ကောင်းနေရတာလဲ တဂယ်စိတ်တိုဖို့ကောင်းတယ် ဆွဲထိုးပစ်ချင်လိုက်တာ။ရောင်ဝါ တစ်ယောက်ထဲပွစိ ပွစီပြောကာ လိုက်ပါလာရင်း သူတို့ပထမဆုံးစားခဲ့တဲ့အကင်ဆိုင်လေးကို ရောက်လာခဲ့တော့တယ်။

Poisonous flower(completed )Where stories live. Discover now