1.4

994 90 28
                                    

[[ Unicode ]]

လယ်ကွင်းပြင်သည် ရေဖွေးဖွေး။ လေပြေလေညှင်း
တဟူးဟူးတိုက်ခတ်၍ မိုးစက်မိုးပေါက်တွေကျပြီး ချမ်းစိမ့်စိမ့်လေးဖြစ်နေသည်။

လယ်ကွင်းထဲအလုပ်ဆင်းနေကြသော လယ်ယာသမားများသည် ခပ်ပါးပါး အနွေးထည် ကိုယ်စီဝတ်ထားကြပြီး ဘွတ်ဖိနပ်ရှည်ကြီးတွေစီးထားကြ၏။ မိုးဦးရာသီ စပါးစိုက်ပျိုးချိန်ဖြစ်ရာ စပါးပင်ငယ်လေးများမှာ လယ်ကွင်းတစ်ခုလုံး စိမ်းစိမ်းစိုစို။

ဆန်စပါးရဖို့အရေး အားကုတ်အားခဲ ကြိုးစားပြီးအလုပ်လုပ်နေကြသော လယ်သမားများနှင့် စိမ်းလန်းစိုပြည်နေသော လယ်ယာခင်းတွေ၏မြင်ကွင်းသည် မြင်ရသူအဖို့ စိတ်ကြည်နူးအေးချမ်းစရာ။ အပူအပင်ကင်းသွားသလိုပင်။ ကောင်းမွန်သောခံစားချက်ကိုရရှိသည်။

ရွာသူကြီး ကိုနန်းကျော်တို့သားအဖတွေသည် လယ်ကွင်းထဲတွင် ရှိနေပြီး စပါးပင်တွေအား ပိုးကင်းစင်စေရန် အလုပ်သမားတွေနှင့်အတူ ပေါင်းသတ်ဆေးဖျန်းနေကြ၏။

"ကြည်မင်း သကြား ကုကုစံ"

"ဗျို...ဗျို့"

"ဘာလဲ?"

"ပြောဗျာ"

အဟုတ်ခေါ်သံကြောင့် သုံးယောက်သားပြန်ထူးလာခြင်း။

"ပုစွန်လုံး စားကြမလား? အိမ်ကျရင် ကြော်စားကြမယ်လေ...အရက်နဲ့...အဲလေ ရေနွေးကြမ်းလေးသောက်ပြီး စားရင် ရှယ်ကောင်းတာကွ"

ဖေကြီးစိုးရှေ့တွင် လွှတ်ခနဲထွက်သွားသောစကားကို
အမြန်ရပ်ပြီး တခြားပြောင်းပြောလိုက်ရ၏။ အရက်သံကြောင့် ဖေကြီးစိုးသည် ဆေးဖျန်းနေရင်း အဟုတ်ကို ခပ်စောင်းစောင်း လှည့်ကြည့်လာသည်လေ။

"အရက်ထပ်သောက်ရင် မင်းကိုငါ အိမ်ပေါ်က ကန်ချမှာနော်...အဟုတ် မင်းကြပ်ကြပ်သတိထားနေ !"

"ဟုတ်ကဲ့...ကျွန်တော် အရက်နဲ့ကွာရှင်းလိုက်ပါပြီ"

ကြိမ်းမောင်းပြောဆိုလာသည့် ဖေကြီးစိုးကြောင့် အဟုတ် ခပ်တည်တည်ပဲ ငြင်းပစ်လိုက်၏။ နောက်ကွယ်ကျမှ သူမသိအောင် ခိုးသောက်မယ်လေ၊အဟင်းး...ဘာများခက်လို့။ ခါတိုင်းလည်း ခွက်ပုန်းချလာတာပဲဟာ။

ဗိုလ်ဂျမ်းထယ်Where stories live. Discover now