1.3

946 95 37
                                    

[[ Unicode ]]

အပူသောကများဖြင့် ဖြတ်သန်းခဲ့ရသော နွေရာသီဟာ ခြောက်ကပ်ကပ် ခံစားချက်တွေနှင့် ကုန်ဆုံးခဲ့ရသည်။

ယခုအခါ မိုးတွင်းကာလသို့ ရောက်ရှိလာပေပြီ။ မျှော်နေသူဟာ ဤနေ့ထိတိုင် ပေါ်မလာသေးပါ။ ​ပြောရရင် သေလား၊ ရှင်လားတောင် မသိရတဲ့အခြေအနေကို ကုကုစံ ရူးမိုက်စွာနဲ့ ကိုယ့်ရှေ့ပြန်ရောက်လာမလားဆိုပြီး နေ့စဥ်မပြတ် တွေးမိနေတာဖြစ်သည်။

ပြတင်းဘောင်ပေါ် လက်တစ်ဖက်တင်၍ တဖန် မေးတင်ထားပြီး ပတ်ဝန်းကျင်ကို ခပ်ဆွေးဆွေး ငေးကြည့်နေမိ၏။ လွမ်းဆွတ်ရခြင်းတွေဟာ အတောမသတ်နိုင်။ နောက်ဆုံး မြင်တွေခဲ့ရသည့်အရိပ်အယောင်များမှာ မရှူမလှတွေဖြစ်ခဲ့ရသဖြင့် စိတ်သန္တန်မှ အဘယ်နည်းနှင့်မျှ ဖယ်ရှားထုတ်ပစ်၍မရနိုင်သေး။

ကုကုစံ အပြင်ဘက်သို့ လက်တစ်ဖက်ကိုဆန့်တန်းထုတ်လိုက်ပြီး မိုးစက်မှုန်မွှားလေးများအား လက်ဖဝါးလေးထဲ ခံယူလိုက်၏။ ပြီးနောက် လက်ဖဝါးထဲရှိပြည့်နှက်လာသော ရေတွေကို သွန်ချပစ်လိုက်သည်။ အခုဖြစ်နေတဲ့ နာကျင်နေတဲ့ခံစားချက်တွေ မိုးရေနဲ့အတူ​မျောပါသွားပြီး ပျောက်ပျက်သွားရင် သိပ်ကောင်းမှာပါပဲ။

လူကြမ်းလူဆိုးတစ်ယောက်ကို သံယောစဥ်တွယ်မိတဲ့ဒုက္ခတွေသည် အတော်ပင်ကြီးမားပါဘိ။ ပိုဆိုးသည်မှာ ပြင်းရှရှအနမ်းတွေဟာ အမှတ်တရဖြစ်ကျန်ခဲ့တော့ နှလုံးသားက စွဲမက်ပြီး မေ့မရနိုင်ဖြစ်နေတာခက်လှပါရဲ့။

အခုများဝယ် သိစိတ်နှင့်မသိစိတ်ဟာ ထိုလူကြမ်းကိုသာ ထပ်တလဲလဲ တောင်းဆိုပြီး မြင်ချင်တွေ့ချင်နေရသတဲ့။ တကယ်ကို မှတ်လောက်သားလောက် မရှိတဲ့ ကုကုစံပါလေ။ မချစ်သင့် မဖြစ်သင့်တဲ့သူကိုမှ မေတ္တာတရားတွေ နှောင်တွယ်မိနေသလား။

တခါတရံ စဥ်းစားရခက်ခက်ရှိပေမဲ့လည်း အဖြေတစ်ခုကတော့ လက်မခံချင်သော်ငြား ထိုလူ့ကိုနှလုံးသားမှာ အမြစ်တွယ်ကာချစ်မိနေရပါပြီတဲ့။

"ကုကုစံ !"

"ဗျာ !"

"အလွမ်းတွေဝေနေပြန်တာပေါ့ ဟုတ်လား?"

ဗိုလ်ဂျမ်းထယ်Where stories live. Discover now