ep11

5.8K 159 0
                                    

"ဒီထိလိုက်လာပီး ကျုပ်ကိုလာတွေ့တာ ဘာကိစ္စလဲ"

မပက်သက်တော့ဘူးလို့ဆုံးဖျက်ထားတာမို့ ကိစ္စအားလုံးကိုဖျက်ပြီးသွားပြီ ဒါကိုသူသီချင်းဆိုတဲ့ barထိလိုက်လာပြီးအာရုံလာနောက်နေတယ်။ချီးပဲ..

"မင်း ဘာလို့ငါဖုန်းကိုမကိုင်တာလည်း"

"မပက်သက်ချင်တော့လို့"

မျက်နှာကိုစိုက်ကြည့်ကာ ဒဲ့ပဲပြောလိုက်တော့တယ်။

"ဟား...ဟား...မင်းကခုတော့ကျေးဇူးကန်းပြီပေါ့"

သူ့ရှေ့ကမိန်းမအား စောက်ခွက်ကိုစုတ်ပျက်သွားအောင်ဆွဲထိုးပလိုက်ချင်တယ်။ဘာကျေးဇူးလဲ ဆီပေးလို့ဆန်ရတာကြီးပဲ..

"ဟက်...ဒီမှာ​ဒေါ်သူဇာမောင် ခင်များကငွေပေးတယ် ကျုပ်ကခင်များဆန္ဒတွေကိုဖြေ့စည်းပေးတယ် ဒါကကျုပ်တို့နှစ်ယောက်ရဲ့ပက်သက်မှုပဲ ကျုပ်ပေါ်ခင်များရဲ့စောက်ကျေးဇူးတစ်ခုမှမရှိဘူး"

"မင်းကအများကြီး ပြောင်းလဲသွားတာပဲ ဘယ်အရာတွေကမြန်းပြောင်းလဲစေတာလဲ"

စားပွဲပေါ်တင်ထားတဲ့သူ့လက်ကို ပွတ်သက်လာတဲ့အဲ့မိန်းမလက်ကိုပုတ်ထုတ်လိုက်ပီး

"ကျုပ်အသားကိုမထိနဲ့ ကျုပ်မကြိုက်ဘူး ခင်များဘေးမှာမွေးထားတဲ့ခွေးတွေအများကြီ့းပါ ဒါကိုကျုပ်ဆီကဘာတွေ မျှော်လင့်နေတာလဲ"

"မင်းကို တို့ကဒီတိုင်းလွှတ်ပေးမယ်ထင်နေတာလား သနားစရာ..."

"ဟက်.....ကျုပ်ကလဲစောက်ဂရုကိုမစိုက်တာ ကျုပ်ကိုသာထိချင်ထိလို့ရမယ် ကျုပ်အပိုင်ကိုထိလို့ကတော့ ခင်များကို သက် ပစ် မှာ"

အဲ့မိန်းမဘေးတိုးသွားပီး နားနားသို့ကပ်ကာ သက်ပစ်မှာဆိုတဲ့နေရာကို တစ်လုံးချင်းဖိပြောလိုက်ပြီး ထွက်လာခဲ့လိုက်တယ် သူသီချင်းဆိုအလှည့်လည်းပြီးပြီမို့ ဆိုင်ကယ်မောင်းကာအိမ်သို့ပြန်လာခဲ့တယ်။ဟိုမိန်းမဘယ်လိုကျန်ခဲ့လဲသူမသိပါ သိလဲမသိချင်ဘူးလေ။

ဒေါ်သူဇာမောင်မှာတော့ ရဲသွေးထွဋ် စကားများကိုရင်နာကာဒေါသများစွာထွက်နေတယ်။သူမဒီကောင်လေးကို သာယာမှုတစ်ခုနဲ့အနားမှာထားခဲ့တာမဟုက်ဘူးဆိုတာ သူအသိဆုံးပါ။ လိုချင်တာကိုမရရအောင် ယူတက်တဲ့သူအဖို့ ဒီကောင်လေးအနားရောက်လာဖို့သူအကုန်လုပ်ခဲ့တယ် ဒီကောင်လေးကိုသူပျော်ရွှင်မှုတွေပေးခဲ့တယ် လိုအပ်သမျှဖြေ့စည်းပေးခဲ့တယ် ဒါကိုသူကသူမရင်ကိုစုံကန်သွားတယ် အတောင်စုံလိုပျံသွားမယ်ပေါ့ သူဆိုတဲ့မိန်းမကအဲ့အတောင်တွေကိုရိုက်ချိုးပြီး သူ့အနားမှာခေါ်ထားမှာမို့ မင်းကိုခနလောက်တော့ တို့ကလွှတ်ပေးထားအုံးမှာပါ။အဲ့အချိန်လေးတော့ ပျော်ထားအုံးပေါ့။

Poisonous flower(completed )Where stories live. Discover now