1.2

935 87 53
                                    

[[ Unicode ]]

"အဟုတ်ကို မတွေ့မိပါလား? သူဘယ်ရောက်နေတာလဲ?"

"_______"

မိသားစု.စုံစုံလင်လင်စားသည့် နေ့လည်စာထမင်းဝိုင်းတွင် အဟုတ်ရှိမနေသောကြောင့် ကိုစိုးကြည်က မေး မြန်းလာသည်။ ကိုနန်းကျော်၊ မောင်သကြားနှင့်ကြည်မင်း သုံးယောက်လုံးသည် မသိဘူးဟုဆိုကာ ပြိုင်တူခေါင်းခါလာကြ၏။ အလိုမကျသည့်ဟန် ကိုစိုးကြည်
မှာ မျက်မှောင်တွေကြုံ့သွားရကာ တွေးဆဆနှင့် ...

"သူအလုပ်ရှိလို့လား? ငါမနက်တည်းက သူ့ကိုမတွေ့မိဘူးနော်"

"ဟုတ်ရင်ဟုတ်မှာပေါ့လေ...ငါတို့လည်း မတွေ့မိဘူး"

ကိုနန်းကျော်အပြောသည် မသေချာမရေရာ။သူလည်း အဟုတ်ကိုမတွေ့မိတာ မနက်တည်းကပင်။ထို့နည်းတူစွာ ကြည်မင်းလည်း ဘူးသာခါနေပြီး သကြားကတော့ အရေးမစိုက်သလို ထမင်းကိုသာငုံ့စားနေလေရဲ့။

"ပျောက်ချက်သားကောင်းနေပ့ါလား !ခါတိုင်း အလုပ်ရှိရင် ရှိတယ်ဆိုပြီးအသိပေးပြီးမှ အပြင်ထွက်သွားတာကို...ဒီကောင် ဘယ်များရောက်နေပါလိမ့်"

ထမင်းဝိုင်းတွင် တပွစိစိပြောလို့ တယောက်တည်းရေရွတ်ရင်း အတွေးများနေသော ကိုစိုးကြည်။အိမ်သားတွေကို မျက်စိအောက်က အပျောက်မခံ၊ မိခင်အမေကြီးလို အစစအရာရာ ဂရုစိုက်ပေးပြီး စည်းစနစ်တွေနှင့် ထိန်းချုပ်ထားသူပင်။သူကြီးဖြစ်သူ.ကိုနန်းကျော်ထက်တောင် ပိုပြီးအာဏာကြီးပါ၏။

ဝုန်းး...ဒိုင်းး...အာ့

"မီးဖိုချောင်ထဲကမလား...ဘာဖြစ်တာပါလိမ့်?"

ရုတ်တရက် ဆူညံသံကြောင့် သုံးယောက်လုံးထမင်းစားနေရာမှ ထရပ်ပြီး မီးဖိုချောင်ဆီ သွားကြည့်ရာ ...

"ဟယ်...အဟုတ် !...မင်း !"

အရက်ပုလင်းနှင့်ဖိနပ်ကို ခါးကြားထိုးလို့။ ကြမ်းပြင်ပေါ် မှောက်လျှက်လဲနေကာ မျက်လုံးတွေက မဖွင့်တဖွင့်။လူမှန်းသူမှန်းမသိအောင်မူးထူးနေတာကြောင့် ကိုစိုးကြည်မှာ တအံ့တဩ။သူ့စည်းကမ်းချက် တားမြစ်ချက်တွေကိုဖောက်ပြီး အရက်တွေသောက်လာတာပေါ့လေ။သူ ဒေါသတွေထွက်သွားရ၏။

ဗိုလ်ဂျမ်းထယ်Where stories live. Discover now