"ဟုတ်ကဲ့ပါ၊ လှလှလေးလုပ်ပေးလိုက်တယ်နော်..ကောင်မလေးကကြိုက်မှာသေချာတယ်"

"ဟုတ်ကဲ့ဗျ၊ အမှန်တော့ ဒီနေ့ညစာစားရင်း သူ့ကိုလက်ထပ်ခွင့်တောင်းမလို့လေ..ဟဲဟဲ"

"အာ..ကံကောင်းပါစေနော်.."

ခွန်းထိုသို့ပြောကာ ထိုလူအားပြုံးပြလိုက်သည်။ ထို့နောက်ပိုက်ဆံယူကာ ဆိုင်ထဲပြန်ဝင်၍ အားလုံးသိမ်းစဲပြီး ပြန်ရန်လုပ်လိုက်သည်။ ပိုင်ကအိမ်သို့လိုက်ပို့သောကြောင့် Taxiငှားပြီးပြန်စရာမလိုတော့။

ထိုအချိန်တွင်ခွန်း‌နှောင်ကြိုးမသိလိုက်တာတစ်ခုလည်းရှိပေသည်။ ထိုကောင်လေးနှင့် ပြုံးကာစကားပြောနေသည်ကို လူတစ်ယောက်ဓာတ်ပုံရိုက်သွားသည်ကိုပေါ့။

"အင်း ငါမေ့နေတာ..တစ်လပြည့်ပြီမလား? မင်းဘယ်လိုသွားမှာလဲ?"

"မသိသေးဘူး။ ငါသွားဖြစ်တော့မယ်လို့ မထင်ဘူး"

"ငါလိုက်ပို့ရမလား?"

"နေပါ..မင်းလဲငါ့အတွက်နဲ့ပိုက်ဆံကုန်တာများနေပြီ"

"အွန်းပါ အဲ့တာဆိုလဲ မင်းသဘောပဲပေါ့"

ခွန်း ပိုင့်စကားကိုဘာမှပြန်မပြောမိ။ ကား၏ ဘေးဘက်သို့လှည့်ကာ မှန်မှတစ်ဆင့် အပြင်ဘက်သို့ကြည့်လိုက်သည်။

"ရောက်ပြီ ခွန်း"

"ဟော်...အိပ်ပျော်သွားပြီ"

ထွန်းတောက်သူ့သူငယ်ချင်းကိုကြည့်ကာ ပြောလိုက်သည်။ သူ့သူငယ်ချင်းလေး ဘယ်လောက်တောင်ပင်ပန်းသလဲဆိုတာ ထွန်းတောက်အသိဆုံးပင်။

ဒီနှစ်တွေထဲမှာ ခွန်းအတော့်ကိုပင် ပင်ပန်းနေလေပြီ။ ခွန်းလည်း ပျော်ရွှင်မှုနဲ့ထိုက်တန်တဲ့လူတစ်ယောက်ပါပဲ။ ထို့ကြောင့် ထွန်းတောက် ခွန်းကိုပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်စေချင်ပြီ။

ထွန်းတောက်ဟန်ပါပါနှင့်ပင် တစ်ဖက်သို့သွားကာ တံခါးဖွင့်လိုက်ပြီး

"ဟူးး မင်းခန္ဓာကိုယ်က အရင်ကတည်းကမှလေးတာ..အခုရက်ပိုင်းကြည့်ရတာ ဈာန်မင်းတခေတ်ကအစားကောင်းတွေအများကြီးကျွေးတယ်ထင်ပါ့။ ဝတောင်ဝလာတယ်..ကြည့်ရုံနဲ့ နစ်မဲ့ပုံကြီး..တော်ပြီ၊ မ,မတာပဲကောင်းတယ်.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Место, где живут истории. Откройте их для себя