ep4

9K 266 3
                                    

🎼🎼🎼🎼🎼🎼
"အကြိမ်ကြိမ် ရင်ခုန်မိသော မင်းမျက်ဝန်း"

"အာရုံမှာငြိတဲ့ မျက်ဝန်း"

"မင်းရဲ့အကြည့်မှာ မျောနေခဲ့"

"မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း....."

တစ်နေရာထဲကို စိုက်ကြည့်ပြီးသီဆိုနေသောရဲသွေးထွဋ် ။
အကြည့်ချင်းဆုံပြီး မလွှဲနိုင်အောင်ညို့ယူနေသော အကြည့်များကို မျက်နှာလွှဲဖို့တောင်မေ့နေတဲ့ ပန်းရောင်ခေတ်။

ဒီလူသားနှစ်ယောက်ရဲ့အကြည့်များကိုဘေးကသူများဖို့နားလည်ရခက်ပင်မဲ့ သူတို့နှစ်ယောက်ရဲ့ရင်ထဲမှာတော့တိုင်းစမရတဲ့ချစ်ချင်းတွေဟာပြည့်လို့နေတယ်။

ပထမဆုံးမြင်ဖူးထဲကအဲ့မျက်ဝန်းတွေကို စွဲလမ်းခဲ့ရတာ သူမှလွဲ၍ဘယ်သူသိနိုင်မလဲ ရဲသွေးထွဋ်ဘဝမှာမဖြစ်ပေါ်ဘူးတဲ့ခံစားချက်ရင်ခုန်သံများဟာ ဒီလူသားလေးကိုမြင်ပြီးထဲက အပြောင်းလဲကြီးပြောင်းလဲခဲ့တာ.....

သီချင်းတစ်ပုဒ်လုံးကို ပန်းရောင်အားအကြည့်မလွှဲပဲဆိုနေသောသူ ပန်းရောင်မှာရှက်လွန်းလို့ဒီနေရာကသာပျောက်သွားချင်မိတယ် ပြီးတော့သူ့အကြည့်တွေက ရင်ထဲတစ်မျိုးကြီးပဲ ဘာလို့လည်းမသိဘူး ဒီခံစားချက်မျိုးတစ်ခါမှမဖြစ်ဘူးပါ ဒီလူဟာတဂယ်ထူးဆန်းတဲ့လူပဲ....

သီချင်းဆိုပြီးတော့ လက်ထဲရောက်လာတဲ့စာရွက်လေးကိုရဲသွေးထွဋ် ဖက်ကြည့်လိုက်တော့ မွေးနေ့ဆုတောင်းပေးခိုင်းတာပဲ နာမည်လေးက ပန်းရောင်ခေတ်တဲ့ အသက်က19 ဆုတောင်လေးက( မွေးနေ့မှပျော်ရွှင်ပါစေ ကျန်းမာပျော်ရွှင်ပြီး ဒီသူငယ်ချင်းများနဲ့လည်းအမြဲချစ်ခင်​နေနိုင်ပါစေ ချစ်တဲ့လူလည်းအမြန်တွေ့ပါစေ) ဆိုတဲ့သူငယ်ချင်းပါရဲ့ဆုတောင်းပဲဖြစ်ပါတယ်။

စင်ပေါ်မှာဆုတောင်းကိုကြေညာပြီးသော် မွေးနေ့ကိတ်ကို ဖြူဖြူလွင်ကယူလာပြီး birthday songဆိုကြတော့ ပန်းရောင်မှာပျော်လိုက်တာ သူတစ်ခါမှဒီလိုမပျော်ဘူးဘူး ကိတ်ကိုခွဲကာ သူငယ်ချင်းတွေကိုခွန့်ကျွေးလိုက်ပြီး ဖြူဖြူလွင်ရဲ့တွန်းပို့မှု့ကြောင့် ဟိုစင်ပေါ်ကလူကိုပါသွားခွင့်ကျွေးလိုက်ရတယ် ကိတ်ခွန့်ပြီးတော့ အဲ့လူကနားနားသို့ကပ်ပြောလာသောစကားတစ်ခွန်းကြောင့် ပန်းရောင်မှာရှက်ပြီးအမြန်ဆင်းပြေးလာရတော့တယ်။

Poisonous flower(completed )Where stories live. Discover now