Part-21(Unicode + Zawgyi)

En başından başla
                                        

"ဒီမှာ ကိတ်မုန့်လာပါပြီ..."

ကျော်ဇင်က ကိတ်မုန့်လေးကိုတွန်းလှည်းဖြင့်တွန်းကာ ဈာန်မင်းတခေတ်နှင့်ခွန်းနှောင်ကြိုးရှေ့သို့လာပို့လေသည်။

ခွန်းမှာအံ့ဩပြီးရင်းသာအံ့ဩရပြန်သည်။ ကိတ်မုန့်လေးသည် ရိုးရိုးရှင်းရှင်းလေးနှင့်အလွန်ချစ်ဖို့ကောင်းသည်။ အပေါ်မှာလဲ 'Happy 1 month Anniversary' လို့ရေးထားသေးသည်။ ထိုအောက်မှာမှ 'K & K' ဟုလည်းပါသေးသည်။ ခွန်းတို့မင်္ဂလာနှစ်ပတ်လည်Dateလေးကောပင်။

"ကိတ်ခွဲရအောင်"

ဈာန်မင်းတခေတ်၏စကားသံပင်။

"အွန်း"

ခွန်းပျော်ရွှင်စွာပင် ပြုံးပြကာ ခေတ်အားပြန်ပြောလိုက်သည်။ ထို့နောက်ကိတ်ခွဲကြပြီး စားကြသောက်ကြနှင့် ‌ခေတ်နှင့်ခွန်းတို့၏ မင်္ဂလာနှစ်ပတ်လည်လေးသည်ပျော်ရွှင်ဖွယ်ရာဖြတ်သန်းကြရလေသည်။

ည10နာရီတွင်တော့ အားလုံးမှောက်နေကြပြီဖြစ်သည်။ လူကြီးတွေကတော့ 9နာရီမတိုင်ခင်လောက်ကပင်စားသောက်ပြီး ပြန်သွားကြလေသည်။

တော်ပါသေးသည်။ ဒေါ်လေးကလဲ စားစရာရှိတာစားကာ အေးအေးဆေးဆေးပင် ပြန်သွားလို့။ ဟိုတစ်ရက်က ဒေါ်လေးတောင်းထားတဲ့ပိုက်ဆံ သိန်းငါးဆယ်ကို ‌ပေးထားလို့ထင်သည် ထိုနေ့မှစ၍ ဒီနေ့အထိ ခွန်းဆီဖုန်းမဆက်။ ဘယ်အချိန်မှထ,ဆက်ပြီး ထပ်တောင်းမလာမလဲတော့မသိ။ တစ်ဖက်က အဒေါ်၊ တစ်ဖက်ကလည်း ကိုယ့်ယောက်ျားဆိုတော့ နှစ်ယောက်ကြား ခွန်းပဲဗျာများနေရတာပင်။

လူကြီးတွေပြန်သွားတော့ လူငယ်များသာကျန်ခဲ့ပြီး ပျော်ကြပါးကြ စားကြသောက်ကြနှင့်ပင်ကျန်ခဲ့သည်။ အခုချိန်တွင်တော့ အားလုံးလမ်းပင်မလျှောက်နိုင်အောင်မူးနေကြသည်။ သို့သော်ခွန်းမပါပေ။ ခွန်းက Alcoholနှင့်မတည့်သောကြောင့် မသောက်ဘဲ အချိုရည်သာသောက်ခဲ့သည်။ ခေတ်လဲအားလုံးနည်းတူမူးနေပြီဖြစ်သည်။

ခွန်းအားလုံးကိုတစ်ချက်ကြည့်ကာပြုံး၍ခေါင်းခါလိုက်သည်။

"အားလုံး ဒီမှာမအိပ်ကြနဲ့လေ..မဆံ့ဘူးရယ်...အစ်ကိုမန်နေဂျာကိုခေါ်ပြီး နှစ်ယောက်တစ်ခန်းဖြစ်ဖြစ်လိုက်ပို့‌ခိုင်းလိုက်မယ်လေ နော်.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Hikayelerin yaşadığı yer. Şimdi keşfedin