ep2

11.6K 284 1
                                    

ခမ်းနားလှသောအိမ်ကြီးထဲရှိ ထမင်းစားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ထိုင်နေသောကောင်လေးတစ်ယောက်နဲ့အမျိုးသမီးတစ်ဦးဟာ တိတ်ဆိတ်စွာ စားသောက်နေကြပြီး ဘေးရှိအလုပ်သမားများမှာလည်း တုတ်တုတ်မျှမလှုပ်ကြ ဇွန်းခရင်းသံသဲ့သဲ့လေးသာထွက်ပေါ်နေတယ်။

ပန်းရောင်းသည် သူငယ်ချင်များနဲ့မွေးနေ့ကိုအပြင်မှာလုပ်ရန် မာမီကြီးကိုခွင့်ပြုချက်​တောင်းရန် ဘယ်ကစပြောရမှန်းမသိဖြစ်နေတယ်။အခုလက်ရှိသူနဲ့မာမီကြီးထမင်းစားချိန်ဖြစ်ပြီးထမင်းဝိုင်းတွင်စကားမပြောရဟူသော မာမီကြီးရဲ့စကားကြောင့် ပန်းရောင်တိတ်နေမိတယ်။မာမီကြီးရဲ့စကားကိုငယ်စဉ်ထည်းကနားထောင်ခဲ့ပြီး မာမီကြီးကို ချစ်ကြောက်ရိုသေမိတယ်။ပါးပါးဟာပန်းရောင်2နှစ်သားထည်းကဆုံးသွားကာ မာမီကြီးကသူ့ကိုလိုလေသေးမရှိအောင်ထားတယ် သူဟာအများနဲ့မတူတဲ့သူမို့လည်း ကျောင်းကိုလည်းသီးသန့်တက်ရတယ် သူငယ်ချင်းလည်းမထားရဘူး  အိမ်အပြင်ကိုလည်းတစ်ယောက်ထည်းဘယ်တုန်းကမှမထွက်ခဲ့ရသူပါ။

10တန်းအာင်ပြီးသက္ကသိုလ်တက်မှမာမီကြီးကနည်းနည်းလျှော့ပေးကာ အခုသူငယ်ချင်းနဲ့ခင်မင်ခဲ့တာပင် သူငယ်ချင်းတွေကိုတောင်မာမီကြီးက သေချာစုံစမ်းပြီး စိတ်ချမှပေါင်းခိုင်းတာပင် ဒါပင်မဲ့သူ့အကြောင်းကိုတော့ဘယ်သူ့ကိုမှပေးမသိဖို့အတန်တန်မှာထားတယ်။

"ခေတ်လေး မာမီကြီးကိုပြောစရာရှိရင် စာကြည့်ခန်းထဲလိုက်ခဲ့နော်"

"ဟင်...ဟုတ် ဟုတ် မာမီကြီး"

သူတွေးနေရင်း မာမီကြီးတောင်ထမင်းစားပြီးသွားပြီပဲ သူလည်းစားတာရပ်ပြီးမာမီကြီးနောက်လိုက်သွားလိုက်တယ်။ကြီးကြီးမြကတော့ထမင်းမကုန်ဒါကြောင့်ပွပွစိစိနဲ့ပြောလို့နေတယ်။

"ဒေါက်....ဒေါက်....ဒေါက်"

"ဝင်ခဲ့လေ ခေတ်လေး"

တံခါးပွင့်ပြီးအထဲသို့ဝင်ကာ မာမီကြီးရှေ့ဝင်ထိုင်လိုက်ပြီ...

"မာမီကြီးကို သားခွင့်တောင်းစရာရှိလို့ပါ"

"အင်းပြောလေ ခေတ်လေး"

Poisonous flower(completed )Where stories live. Discover now