1.1

930 90 38
                                    

[[ Unicode ]]

"ဒီရက်အတွင်း လာမှာသေချာရဲ့လားဗျ"

စိုးရိမ်နေသည့်ဟန်နှင့် ကြည်မင်းက မေးမြန်းလာသည်။

"သေချာတာပေါ့...လကုန်ခါနီးဆို သူတို့လာလေ့ရှိတယ်၊တခြားရွာတွေကနေ ငါသတင်းအမြဲရတယ်... ဓားပြတိုက်ခံရတဲ့ရွာတွေက သူတို့ကို မကျေမနပ်ဖြစ်ပြီးတိုက်ထုတ်ချင်နေကြတာလေ၊ ငါ့ဆီမှာလက်နက်လာတောင်းတဲ့သူတွေ များပါ့၊ငါကလည်း အလုံ အလောက်မပေးနိုင်သေးတာနဲ့...ရွာသားတွေက ပြန်မခုခံနိုင်ကြဘူးဖြစ်နေတာ"

မြောက်ပိုင်းရွာသူကြီးဦးဗိုက်ပူအိမ်တွင် နန်းကျော်နှင့်
ကြည်မင်း ရောက်ရှိနေတာဖြစ်ပြီး တိုက်ခိုက်ရေးအတွက် ဆွေးနွေးနေကြခြင်းဖြစ်သည်။

"အဲ့ဒါဆို ကျွန်တော်တို့ဘက်က ပြင်ဆင်ထားသင့်နေပြီ...သူတို့လာမှာသေချာတယ်ဆိုရင် ကျွန်တော်တို့အချိန်ဆွဲမနေဘဲ လုပ်စရာရှိတာလုပ်ရတော့မှာပေါ့"

ကိုနန်းကျော်က ပြောလိုက်၏။

"ရက်ကတော့ အတိအကျမသိပေမဲ့ ဒီအပတ်ထဲလာမယ်ဆိုတာသေချာတယ်လေ...အဲ့တော့ မောင်ကြည်မင်းနဲ့ကိုနန်းကျော်တို့ လိုသလောက် လက်နက်တွေယူပြီး တိုက်စစ်ဆင်ဖို့အတွက်.အကွက်ကြိုချထားလိုက်တော့"

"ဟုတ်ကဲ့....ကျွန်တော်တို့ကို ကူညီပေးတဲ့အတွက်
ဦးလေးကို အရမ်းပဲကျေးဇူးတင်ပါတယ်"

"ရပါတယ်ကွာ...နောက်လည်း မင်းတို့လိုအပ်တဲ့အခါအကူအညီလာတောင်းလို့ရတယ်၊ငါ့ဘက်က တတ် နိုင်သလောက် ကူညီပေးသွားမှာမလို့...အားနာနေစရာတွေမလိုဘူး ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ...ဦးလေးစိတ်စေတနာကောင်းမှန်း ကျွန် တော်တို့သိလို့လည်း အခုလိုအကူအညီလာ တောင်းမိတာပါ...ဦးလေးရဲ့အစစအရာရာကူညီမှုအတွက် ကျွန်တော်တို့ ကျေးဇူးတင်မဆုံးဖြစ်ရပါတယ်"

"ဟုတ်ပါပြီကွယ်...ဒါဆို မောင်ရင်တို့ မပြန်ခင်ထမင်း စားသွားကြပါဦးလား"

"အာ...ရပါတယ်ဗျ ကျေးဇူးတင်ပါတယ်၊ကျွန်တော်တို့မစားတော့ပါဘူးနော်၊ မပြီးပြတ်တဲ့အလုပ်လေးတွေရှိနေသေးလို့ပါ"

ဗိုလ်ဂျမ်းထယ်Where stories live. Discover now