"ဟင်းးး သွေးတွေထွက်နေပြီ၊ လက်အရင်ဆေးလိုက်"
ဈာန်မင်းတခေတ်ပြောသာပြောတာ သူကိုယ်တိုင်ပဲ ခွန်းနှောင်ကြိုးရဲ့လက်ကိုယူကာ ရေဆေးပေးလိုက်သည်။ ပြီးတော့မှ ဧည့်ခန်းထဲသွားကာ ခွန်းနှောင်ကြိုးအားခဏထိုင်ခိုင်းထားပြီး ဆေးအိတ်သွားယူလိုက်သည်။
"အ့"
ဆေးဝါရည်တစ်စက်နှစ်စက်ထည့်ပေးတော့ စပ်လို့ထင်သည်လက်လေးတွန့်ကာနောက်သို့ဆုတ်သွားသည်။ ဈာန်မင်းတခေတ်လည်း ခွန်းနှောင်ကြိုးလက်အား မှုတ်ပေးကာဂရုတစိုက်ဖြင့်ဆေးထည့်ပေးလိုက်သည်။ ထို့နောက်မှ အနာကပ်ကို လက်တွင်သေချာကပ်ပေးလိုက်သည်။
"ကျေးဇူးပါပဲ ခေတ်.."
"....."
ခေတ်ကဘာမှပြန်မပြောဘဲ ထွက်သွားသည်။ ခွန်းကလည်းခွန်းပင်၊ တံမြက်စည်းဖြင့်လှည်းလျှင်ရသည်ကို လန့်ကာလက်ဖြင့်သွားကိုင်မိတော့ လက်ရှသွားလေသည်။ ဖြစ်ချင်တော့ ညာဘက်လက်ဖြစ်နေလေသည်။ ခွန်းကညာသန်ဖြစ်သည်။ အခုတော့တစ်ရက်၊နှစ်ရက်တော့ အလုပ်လုပ်လျှင်အခက်တွေ့အုံးပေမည်။
ကံများဆိုးချင်တော့ ဒေါ်ခင်အေးကလည်းအပေါ်ထပ်တွင်သန့်ရှင်းရေးသွားလုပ်နေသည်။ ထို့ကြောင့် ပန်းကန်ကွဲတာကိုမသိလိုက်။
📞Ringing📞
"Hello..."
"ဟဲ့! နင်အခုထိပိုက်ဆံတောင်းမရသေးဘူးလား?"
"ဒေါ်လေး..ဒေါ်လေးလဲသိတဲ့အတိုင်း ခေတ်ကခွန်းကို ဘာမှ,မှမပေးတာ..၊ ခွန်းဘယ်လိုလုပ်အဲ့လောက်ပိုက်ဆံအများကြီးကိုရှာနိုင်မှာလဲ? အခုခွန်းလက်ထဲမှာလဲ ပိုက်ဆံက သိန်းတစ်ရာမပြောနဲ့ တစ်သိန်းတောင်မပြည့်ဘူး"
"နင့်ယောက်ျားဆီကရအောင်တောင်းလေဟယ်...၊အမယ်လေး တူလေးက ဒီလောက်ကျိကျိတက်ချမ်းသာတဲ့ ယောက်ျားကိုရထားတာ..သူကတော့ကောင်းစားနေပြီး သူ့အဒေါ်ဖြစ်တဲ့ငါတို့က မွဲတေနေသတဲ့!!ကြားလို့မှကောင်းကြသေးရဲ့လား..."
"ဒေါ်လေးလဲသိရဲ့သားနဲ့..သူ.."
"တော်..တော် နင်ရဲ့အဲ့ဒီ့အက်ကြောင်းထပ်နေတဲ့စကားတွေကိုကြည့်ငါ့ကိုလာမပြောနဲ့! အရင်ဆုံးနင်ပြောကြည့်ပြီးပြီမလို့လား?"
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
Part-19(Unicode + Zawgyi)
Start from the beginning
