1.0

962 92 61
                                    

[[ Unicode ]]

လပြည့်ညဖြစ်၍ ငွေရောင်ဆမ်းသောပြည့်ပြည့်ဝန်းဝန်းစန္ဒာလမင်းကြီးသည် ထိန်ထိန်သာလျှက်ရှိနေသည်။ သူ ၏အလင်းရောင်ကြောင့် ဝန်းကျင်တခုလုံးမှာ ငွေရည်ဖြန်းထားသလို ညချမ်းသည် အေးမြနေသယောင်။ တိမ်စိုင်တိမ်သားများမှာ ငွေဘော်ရောင်တောက်ပလို့အလှတင့်နေကြ၏။ ညှင်းသွဲ့သွဲ့တိုက်ခတ်နေသောလေပြေထဲတွင် ညမွှေးပန်းရနံ့အချို့ ကပ်ပါလာကြသည်။

လရောင်ကြောင့် ပန်းလေးများငုံနေရာမှ ပွင့်အာလာကြသော လရောင်ဆမ်းမှ ပွင့်လန်းနိုင်မည့် ပန်းကလေးတွေလို ဓားပြဗိုလ်သည်လည်း ကုကုစံ၏အချစ်မေတ္တာတွေရကာမှ ရှေ့ဆက်ပြီး ကောင်းမွန်စွာရှင်သန်နိုင်မှာဖြစ်သည်။

လသာဆောင်တွင် လေညှင်းခံကာ လမင်းအား တမေ့တမောကြည့်ရှူရင်း လရောင်မြှူခြင်းခံရသည့် ဓားပြဗိုလ် ကြီးမှာ အတွေးများစွာနှင့်။ သူ၏လက်ထဲ၌အရက်ခွက်ကိုကိုင်ထားရင်း မွန်းကျပ်နေသောစိတ်အစုံအား ဖြေလျှော့လို့နေသည်။

ဘဝတလျှောက်လုံး မေတ္တာငတ်ခဲ့ရသည့်အကြောင်း
တွေကို တွေးတောမိ၍ တခွက်ပြီးတခွက်သောက်နေရာ Whisky ပုလင်းသည် နှစ်ပုလင်းမြောက်ရှိချေပြီ။ ရုပ် ပျက်ဆင်းပျက် မမူးသေးသော်လည်း ရီဝေဝေ,ဝါးတား တားတော့ ဖြစ်နေမိ၏။

ထို့အပြင် တဖြည်းဖြည်း အသက်ရှူကြပ်မတတ်ဖြစ်လာသောခံစားချက်တွေကြောင့် အေးချမ်းရာရပ်ဝန်းငယ်ဆီ သူ့ခြေလှမ်းများ လှမ်းမိတော့သည်။

ညည့်ဦးယံအချိန် ကုကုစံ အိပ်မောကျနေသော်လည်းမျက်နှာတဝိုက် ယားယံနေသလို၊ကိုယ့်အနားတစ်စုံတစ် ယောက်ရှိနေသည်ဟု ခံစားလိုက်ရတာကြောင့် လန့်နိုးသွားရ၏။ မျက်လုံးအစုံကို ဖွင့်ကြည့်မိတော့ ဘေးနားတွင် ဓားပြဗိုလ်ကြီးအား တွေ့လိုက်ရာ ထိတ်လန့်သွားရပြီး ...

"ခင်ဗျား ဘာလာလုပ်တာလဲ?"

မှိုင်းရီနေသောမျက်ဝန်းတွေမှာ မျက်တောင်မခတ်ပါဘဲ
စူးစိုက်ကြည့်နေသဖြင့် ကုကုစံ ​ကြက်သီးထသွားပြီး
ထိုလူကြမ်း သရဲဝင်ပူးနေသလားဟု ထင်မှတ်လိုက်မိသည်။

ဗိုလ်ဂျမ်းထယ်Where stories live. Discover now