0.9

978 98 50
                                    

[[ Unicode ]]

ဂီယာတံကျိုးမှုကြောင့် ကိုစိုးကြည်သည် ကိုနန်းကျော်အား စကားမပြောတော့ဘဲ ဥပက္ခာပြုလစ်လျူရှူထားသည်။

ဆိုတော့ နန်းကျော် အခက်တွေ့နေရသည်ပေါ့။ ညစာတွေလည်း ငတ်ပြီး ခံစားချက်တွေက မကောင်း၊ ရင်ထဲဆို့နင့်နင့် ဖြစ်နေရ၏။

ဒီ့အပြင် အဟုတ်မှာလည်း သော့နေရာပြပေးမှုကြောင့် နားကွဲလုမတတ် အော်ငေါက်ခံထိ၍ ဒယ်ပြားစာလည်း မိသွားရကာ ထိပ်တုံးခတ်ခံခဲ့ရသည်။

သူကြီးဖြစ်သော ကိုနန်းကျော်သည်လည်း ထိုနည်းတူစွာ။သူကိုယ်တိုင် ပြန်ပြီး ထိပ်တုံးစာမိခဲ့ရ၏။ ယနေ့ထိပင် မလွတ်မြောက်နိုင်သေးပါ။၂ရက်လောက်တော့ရှိခဲ့ပေပြီ။ ကိုစိုးကြည်စိတ်ဆိုးမပြေမချင်း ထိပ်တုံးထဲက လွတ်ဦးမည်မထင်။

သူတို့နှစ်ယောက်ကို ဘယ်သူမှ မကယ်နိုင်ကြတော့ပါ။သကြားနှင့် ကြည်မင်းလည်း မိမိတို့မှာအပြစ်ရှိတာပဲဟုဆိုပြီး မီးလောင်ရာလေပင့်ပေးနေပြီး ဖျန်ဖြေမပေးကြချေ။

အကယ်၍ အငယ်ဆုံးလေးသာ အနားရှိမည်ဆိုလျှင်တော့ သေချာပေါက် ကိုစိုးကြည်ကို တတွတ်တွတ်ပြောပြီး ကပ်ချွဲလို့ ကယ်တင်ရှင်လေးလုပ်ပေးဦးမှာ။ အခုသူမရှိတော့ ဒုက္ခတွင်းထဲ ချောင်ပိတ်နေရပါပြီ။

ဤသို့ အငယ်ဆုံးလေးအား သတိတရဖြစ်ကာ အဟုတ်တစ်ယောက် ငိုချင်းချနေတော့၏။

"ငါ့ညီငယ်လေးသာရှိရင် ရှေ့ကနေ ကာပြောပေးလိမ့်မှာ၊ ဟိုနှစ်ကောင်လို ချောက်ချမှာမဟုတ်ဘူး...အင့်...ရွှတ်"

တရွေ့ရွေ့စီးကျနေသော နှပ်တွေကို ညှစ်ထုတ်ရင်း
ဟိုပစ်ခါ.သည်ပစ်ခါနှင့်။ ငိုမိရင် တော်တော်နဲ့မရပ်နိုင်။ တရှုပ်ရှုပ်နှင့်ပူဆွေးသောက ရောက်နေရှာသော အဟုတ်ကိုကြည့်ပြီး နန်းကျော် ပိုစိတ်ညစ်သွားရသည်။

ကိုယ့်အနေနဲ့လည်း တအိမ်လုံးရဲ့ အသည်းကျော်,ပဲလှော်လုံးဖြူလေးကို တိတ်တဆိတ်လွမ်းနေရတာပင်။သို့ပေမဲ့ အဟုတ်က ကိုယ့်ရှေ့မှာလာပြီး ငိုယိုပြောဆိုနေသဖြင့်ဝမ်းနည်းခြင်းတို့ ကူးစက်လာရာ ...

ဗိုလ်ဂျမ်းထယ်Where stories live. Discover now