"အိပ်နေတဲ့သူငယ်ချင်းကိုအခွင့်ကောင်းယူပြီးနမ်းတတ်တဲ့လူလားခင်ဗျားက ဒါဆိုကျနော်ကပဲတဖက်သက်မရိုးသားတဲ့စိတ်ကြီးနဲ့အထင်တွေမှားခဲ့တာပေါ့
အေးလေ~ခင်ဗျားကသူငယ်ချင်းတိုင်းကိုဒီလိုဆက်ဆံတဲ့လူဆိုတာကျနော်မှမသိပဲ"

"ဟာရုတို!!!"

"ကျုပ်ကိုမအော်နဲ့ ဂျွန်ဂယူ!! ခင်ဗျားဘာတွေမှန်လို့လာအော်နေတာလဲ!ကျုပ်ကိုဘယ်အဆင့်မှာထားပြီးခင်ဗျားကဘယ်အချိန်အထိအထင်သေးစော်ကားချင်သေးတာလဲ!"

စိတ်ဆိုးပြနေတဲ့ထိုလူ့အပေါ် ပိုလိုတောင်ဟာရုတိုကစိတ်ဆိုးမိသေးတယ်။သူလုပ်ချင်တိုင်းလုပ်ပြီးမှ သူ့ရဲ့ခံစားချက်တွေကိုဖုံးဖိဖို့အတွက်ဟာရုတို့ကိုအပြစ်တင်ရက်တယ်။သူမို့လေ။

ဟာရုတိုရဲ့မျက်နှာတော့မသိ။ဂျွန်ဂယူရဲ့မျက်နှာတစ်ခုလုံးနီရဲမို့အစ်နေခဲ့ပြီး ထပ်မံကျဆင်းလာတဲ့မျက်ရည်တွေနဲ့အတူနှုတ်ခမ်းဖူးဖူးကမဲ့ကျလာတော့တယ်။ခွန်းတုံ့ပြန်စရာမရှိတိုင်းကင်ဂျွန်ဂယူကထိုသို့သောနည်းတွေနဲ့ဟာရုတိုအားဝမ်းနည်းလာအောင်လုပ်တတ်ပါသေးတယ်။

"ခင်ဗျားဟန်မင်းနဲ့တွဲတယ်ဆိုတဲ့သတင်းထွက်တော့ကျနော်ဘယ်လောက်တောင်သိမ်ငယ်ရလဲသိလား ကျနော့်မကောင်းခဲ့လို့ကျနော့်မှာအပြစ်တစုံတရာဖြစ်နေခဲ့လို့ကျနော့်ထက်သာတဲ့လူကိုရွေးသွားတာလို့ထင်ခဲ့တာ"

ချက်ချင်းထိုင်ရာကနေထရပ်လိုက်တဲ့အခါ အနည်းငယ်ကြောင်တောင်တောင်နိုင်တဲ့အမူအရာလေးကချစ်ဖို့ကောင်းနေဆဲ။ဒါပေမဲ့ သူ့အတွက်မဟုတ်တဲ့လူတယောက်အားချစ်မိနေရတဲ့ဒုက္ခကတော်သင့်ပါပြီ။အလျော့ပေးရတာကိုမကြိုက်ပေမဲ့ ကိုယ့်အပေါ်ခါးသီးနေတဲ့သူ့အပြုအမူတွေကိုရင်မဆိုင်ရဲတော့တာမို့ရှောင်ထွက်ချင်မိတော့တယ်။

"သွားတော့မယ် ခင်ဗျားရှောင်ပေးစရာမလိုပါဖူး ကျနော်လဲအာ့လောက်ကတော့နားလည်ပါတယ်"

တံခါးဝဆီခြေဉီးလှည့်လိုက်တဲ့အခါအနောက်ကလိုက်လာတဲ့ခြေသံနဲ့ခါးနားတဝိုက်မှာတင်းကျပ်လာတဲ့လက်ကလေးတွေ။

ရနေကျ သစ်ခွအနံ့လေးပေမဲ့အနည်းငယ်ထုံးသင်းနေတဲ့သူ့ရဲ့ကိုယ်သင်းအနံ့လေး။
စွဲဆောင်မှုကလဲသိပ်ရှိနေတဲ့လူရယ်ပါ။

My Harukyu, My OTP( one shot collection)Opowieści tętniące życiem. Odkryj je teraz